realme က မေလအတွင်း တရုတ်မှာ 11 Pro+ ကို ကြေညာခဲ့ပြီး ပြီးခဲ့တဲ့ တစ်ပတ်မှာ နိုင်ငံတကာအတွက် မိတ်ဆက်ခဲ့ပါတယ်။ အိန္ဒိယမှာတော့ ဒီလ ၁၅ ရက်နေ့မှာ ပထမဆုံး အကြိမ် ရောင်းချပေးခဲ့ပါတယ်။

အခုတော့ ကုမ္ပဏီက ရူပီး ၂၅,၀၀၀ တန်ဝန်းကျင် ဖုန်းတွေထဲမှာ realme 11 Pro+ ရဲ့ စံချိန်တင် ရောင်းအားကို ကြေညာလိုက်ပါတယ်။ ဒီလ ၁၅ ရက်နေ့ အိန္ဒိယမှာ အလုံးရေ ၆၀,၀၀၀ ကျော် ရောင်းချနိုင်ခဲ့ပါတယ်။

realme 11 Pro နဲ့အတူ 11 Pro+ ဟာ Flipkart က  ရူပီး ၂၀,၀၀၀ နဲ့ ၃၀,၀၀၀ အကြား ဖုန်းတွေထဲမှာ စံချိန်တင် ရောင်းအား ကောင်းခဲ့ပါတယ်။

realme ဟာ အဲဒီ ရောင်းအားကို ကျေနပ်နေပြီး လူတွေဟာ realme 11 Pro+ ကို အလွန် ကြိုက်နေကြပါတယ်။ realme 11 Pro+ ရဲ့ Specs တွေအကြောင်းပြန်လေ့လာကြည့်ရင် 6.7” 1080×2412 120Hz AMOLED မျက်နှာပြင် တပ်ဆင်ထားပြီး Dimensity 7050 SoC မောင်းနှင်ထားပါတယ်။ 8/12GB RAM နဲ့ 256GB/512GB/1TB Storage ထည့်သွင်းထားပြီး 100W Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါပါတယ်။

အနောက်ဘက်မှာ 200MP Main (OIS), 8MP Ultrawide , 2MP Macro ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 32MP ဆဲလ်ဖီး ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။ Android 13 အခြေပြု realme UI 4.0 မောင်းနှင်ထားပါတယ်။

Ref : gsmarena