realme သည် မြန်မာပြည်ဈေးကွက်တွင် 11 Pro+ 5G ကို ၁,၇၉၉,၉၀၀ ကျပ် နှင့် 11 Pro 5G ကို ၁,၄၉၉,၉၀၀ တို့ကို စသည့်ဈေးနှုန်းအသီးသီးဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး Pre-order ကြိုတင်မှာယူမှုအတွက် အထူးခံစားခွင့် Bonus ၁၅၀,၀၀၀ ကျပ်နှင့် အခြားဆုလက်ဆောင်များကို ရယူနိုင်မည်ဖြစ်ကြောင်း သိရပါသည်။

realme သည် မိတ်ဆက်ခဲ့သောစမတ်ဖုန်းစီးရီးများအနက်မှ သက်ဝင် လှုပ်ရှားနေသော မြန်မာ့ဈေးကွက်နှင့် ကိုက်ညီသည့် ၎င်း၏နောက်ဆုံးပေါ်နည်းပညာမြင့် စမတ်ဖုန်းများ ဖြစ်သည့် realme 11 Pro+ 5G နှင့် realme 11 Pro 5G တို့ကို မိတ်ဆက်လိုက်သည်။

11 Pro series ကို ခေတ်မီကင်မရာနည်းပညာ၊ တောက်ပသော ဒီဇိုင်းနှင့် အဆင့်မြင့်လုပ်ဆောင်ချက်များဖြင့် ပေါင်းစပ်ဖွဲ့စည်း ထားပြီး နည်းပညာပိုင်းဆိုင်ရာ ခုံမင်တတ်ကျွမ်းသော မြန်မာပြည်ရှိလူငယ်များအတွက် realme မှ မိတ်ဆက် လိုက်ခြင်းဖြစ်သည်။

realme မှ ထုတ်လုပ်မိတ်ဆက်ခဲ့သည့် စမတ်ဖုန်း စီးရီးများသည် ကမ္ဘာတစ်ဝှမ်း တင်ပို့ရောင်းချမှု သန်း ၅၀ ဖြင့် အရေးပါသော စွမ်းဆောင်ချက်တစ်ခုကို ရရှိထားပြီးဖြစ်ကာ ယူနစ်သန်း ၁၀၀ ရောင်းချရမှုမှတ်တိုင်ဆီသို့ အရောက်လှမ်းမှုတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။

realme သည် 11 Pro+ 5G နှင့် ၎င်း၏ထူးခြားသော ပုံရိပ်ဖော်နိုင်စွမ်းတို့နှင့်အတူ မိုဘိုင်းဓာတ်ပုံပညာ၏ စွမ်းဆောင်ရည်များကို မြှင့်တင်ပေးရန်အတွက် မြန်မာနိုင်ငံရှိ သုံးစွဲသူများအား နောက်ဆုံပေါ်နည်းပညာများနှင့် ဆက်လက်မိတ်ဆက် ပေးလျက်ရှိသည်။

“11 Pro 5G စီးရီးများ မိတ်ဆက်ပွဲက realme ရဲ့ ၅ နှစ်မြောက် အထိမ်းအမှတ်ပွဲနဲ့ တိုက်ဆိုင်နေပါတယ်။ ခုလို မြန်မာနိုင်ငံမှာလည်း ၅ နှစ်မြောက် နှစ်ပတ်လည်ပွဲကို ကျင်းပနေချိန်မှာ realme 11 Pro+ 5G နဲ့ realme 11 Pro 5G တို့ကို မိတ်ဆက်ပြသခွင့်ရတဲ့အတွက် အမှတ်တရ ဖြစ်ရပါတယ်။ ၂၀၁၉ ခုနှစ်မှာ ထိပ်တန်း smartphone brand ၁၀ ခုမှာ ပါဝင်ခဲ့တဲ့ မှတ်တိုင်ကို စိုက်ထူနိုင်ခဲ့ပြီး အနေအထားတစ်ခုကို ခိုင်မာစေခဲ့ပါတယ်။ ပြီးခဲ့တဲ့ ငါးနှစ်တာ ကာလအတွင်းမှာ ကျွန်တော်တို့ realme အနေနဲ့ အပြိုင်အဆိုင် စျေးကွက်အတွင်းမှာ သိသာထင်ရှားတဲ့ ခြေလှမ်းများ လှမ်းခဲ့ပြီး Red Sea စျေးကွက်မှာလည်း ခိုင်မာစွာ ရပ်တည်နိုင်ခဲ့ပါတယ်။ realme အနေနဲ့ အပြိုင်အဆိုင်များလှတဲ့ ကမ္ဘာ့ဈေးကွက် ၃၀ ခုရဲ့ ထိပ်တန်း smartphone brand ၅ ခုစာရင်းမှာလည်း ဂုဏ်ယူစွာ ပါဝင်နိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံဈေးကွက်အတွက် အလုံးရေ ၁.၅ သန်း တင်ပို့ရောင်းချမှုနဲ့အတူ ထိပ်တန်း brand ၅ ခုစာရင်းမှာ နေရာရယူထားပြီး ၂၀၂၃ ခုနှစ်မှာလည်း သုံးလပတ် (၃) ကြိမ်ဆက်တိုက် ထိပ်တန်း brand ၃ ခုထိ ပါဝင်နိုင်ခဲ့တဲ့ အောင်မြင်မှုကိုလည်း ဆက်လက်ထိန်းထား နိုင်ခဲ့ပါတယ်။” ဟု realme Myanmar ၏ CEO ဖြစ်သူ Mr.George က ထုတ်ဖော်ပြောကြားခဲ့သည်။

“ကျွန်တော်တို့ realme အနေနဲ့ မြန်မာနိုင်ငံဈေးကွက်အတွင်းမှာ ထိပ်တန်းစမတ်ဖုန်းအမှတ်တံဆိပ် ၂ နေရာအထိ နေရာရအောင် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ လာမယ့်ငါးနှစ်တာကာလအတွင်းမှာလည်း realme က လူငယ်တွေရဲ့ အကြိုက်ဆုံး brand ဖြစ်လာမယ်လို့ ကျွန်တော်တို့ မျှော်မှန်းထားပါတယ်။ အဆင့်မြင့် 200MP ကင်မရာနည်းပညာအပြင် ဆန်းသစ်တဲ့လုပ်ဆောင်ချက်များနဲ့အတူ အခုမိတ်ဆက် ပေးလိုက်တဲ့ 11 Pro series တွေက သုံးစွဲသူတွေကို ယခင်ကလို ပြည့်စုံကောင်းမွန်ဆန်းသစ်တဲ့ ဓာတ်ပုံတွေကို ဖမ်းယူဖန်တီးနိုင်အောင် စွမ်းဆောင်ပေးမှာဖြစ်ပါတယ်။ မိုဘိုင်းဓာတ်ပုံပညာရဲ့ စွမ်းဆောင်ရည် အခန်းကဏ္ဍကို မြှင့်တင်တဲ့အနေနဲ့ မြန်မာနိုင်ငံက လူငယ်မျိုးဆက်သစ်တွေကို realme 11 Pro စီးရီးနဲ့အတူ အကန့်အသတ်မဲ့ တီထွင်ဖန်တီးမှုနဲ့ ကိုယ်တိုင်ထုတ်ဖော်နိုင်မယ့်ခရီးလမ်းကို ပါဝင်လျှောက်လှမ်းဖို့ ဖိတ်ခေါ် အပ်ပါတယ်။” ဟု CEO မှ ဆက်လက်ပြောကြားခဲ့ပါတယ်။

realme ၏ ထိပ်တန်းဆန်းသစ်တီထွင်မှုများထဲမှ series တစ်ခုဖြစ်သည့် 11 Pro+ 5G ကို အမိုက်စား 200MP OIS SuperZoom Camera ၊ 32MP Sony Selfie Camera တို့နှင့်အတူ စွမ်းဆောင်ရည်မြင့်သည့် မိုဘိုင်းဓာတ်ပုံရိုက်ခြင်းကို ထူးထူးခြားခြားရိုက်ကူးနိုင်စေရန် အဆင့်မြှင့်တင်ပေးနိုင်သည့် တီထွင်ဖန်တီး မှုများနှင့်အတူ မိတ်ဆက်လိုက်သည်။

အဆိုပါ စမတ်ဖုန်းစီးရီးတွင် စွဲမက်ဖွယ်ကောင်းသော 120Hz Curved Vision Display ပါရှိပြီး စွမ်းဆောင်ရည်ကောင်းများကို ပေးဆောင်နိုင်သည်။ Dimensity 7050 5G Chipset ၏ ပါဝါသည် ချောမွေ့သော စွမ်းဆောင်ရည်နှင့် ချိတ်ဆက်မှုကို သေချာစေပြီး 100W SUPERVOOC Charge သည် ကြာရှည်ခံသည့် 5000mAh ဘက်ထရီကို လျင်မြန်စွာ အားဖြည့်ပေးသည်။ လက်ရာမြောက်သော ပရီမီယံ သားရေဒီဇိုင်းသည် အဆိုပါဖုန်းစီးရီး၏ ပြီးပြည့်စုံသော အလှတရားကို ပုံဖော်ပေးလျက်ရှိသည်။

ထို့အပြင် Android 13 ကိုအခြေခံထားသော realme UI 4.0 ဖြင့် ပါဝါပေးထားသည့် 11 Pro+ ကို စိတ်ကြိုက်အသုံးပြုနိုင်ပြီး ဖုန်အသုံးပြုသူအတွက် ပေါ့ပါးသွက်လက်သောအတွေ့အကြုံအပြင် Dolby Atmos စပီကာနှစ်ခုပါရှိသောကြောင့် အသံပိုင်းဆိုင်ရာ ပြီးပြည့်စုံသည့်အတွေ့အကြုံကိုပါ ရရှိနိုင်မည်ဖြစ်သည်။

Tactile Engine 2.0 သည် haptic ပိုင်းကို ပိုမိုကောင်းမွန်စေပြီး ဆွဲဆောင်မှုရှိသော အပြန်အလှန် တုံ့ပြန်မှုများကို ဖန်တီးပေးနိုင်သည်။ မျက်နှာပြင်အတွင်းရှိ လက်ဗွေဖတ်စနစ်သည် မြန်ဆန်ပြီး လုံခြုံသော ဝင်ရောက်ခွင့်ကို အာမခံနိုင်ကာ storage ပိုင်းမှာလည်း 512GB အထိ ပါဝင်ကာ 12GB+12GB Dynamic RAM အထိ ထပ်တိုးအသုံးပြုနိုင်မည်ဖြစ်သည်။

realme 11 Pro+ 5G သည် Antenna Array Matrix System 2.0 နှင့် 360° NFC ကဲ့သို့သော အဆင့်မြင့်နည်းပညာကို ပေါင်းစပ်ထားပြီး realme ၏ ဆန်းသစ်တီထွင်မှုအပေါ် အလေးပေးထားသည့်အချက်ကို ထင်ဟပ်စေသည်။

realme 11 Pro 5G နှင့် realme 11 Pro+ 5G တို့သည် ဒီဇိုင်းအားဖြင့် အများစုမှာ တူညီကြပြီး ထူးခြားသော အားသာချက်များကို သုံးဆွဲသူထံသို့ အရောက်ယူဆောင်လာကြသည်။ realme 11 Pro 5G တွင် စွမ်းဆောင်ရည်မြင့် 100MP OIS ProLight Camera တပ်ဆင်ထားသောကြောင့် ထူးခြားသော ရှင်းလင်း ပြတ်သားမှုနှင့် အသေးစိတ်လှုပ်ရှားမှုများကို ဖမ်းယူနိုင်မည်ဖြစ်သည်။

ထို့အပြင် realme 11 Pro 5G တွင် လျင်မြန်သောဘက်ထရီအားပြန်လည်ဖြည့်တင်းရန်အတွက် 67W SUPERVOOC Charge ပါ၀င်ပြီး ယနေ့ခေတ် လူနေမှုပုံစံ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးလျက်ရှိသည်။ အနှစ်သာရအားဖြင့် realme 11 Pro 5G နှင့် realme 11 Pro+ 5G နှစ်ခုလုံးသည် သုံးစွဲသူများ၏ နှစ်သက်မှုနှင့် လိုအပ်ချက်များစွာကို ဖြည့်ဆည်းပေးသည့် ထူးခြားသောလုပ်ဆောင်ချက်များပါရှိသည်။ နောက်ဆုံးပေါ် လုပ်ဆောင်ချက်အစုံ အလင်ဖြင့် realme 11 Pro 5G စီးရီးသည် စမတ်ဖုန်းလောကတွင် ဆက်လက်နေရာယူလျက်ရှိမည် ဖြစ်သည်။

realme ၏ DIS ပုံရိပ်ဖမ်းယူမှုအင်ဂျင်သည် သုံးစွဲသူများအား လျင်မြန်စွာ ရွေ့လျားနေသော အရာဝတ္ထုများကို တိကျသေချာစွာ ဖမ်းယူနိုင်စေပြီး အဖိုးတန်အချိန်ကာလများကို အမှတ်တရအဖြစ်သိမ်းဆည်းနိုင်စေမည် ဖြစ်သည်။ realme 11 Pro စီးရီးသည် ဓာတ်ပုံရိုက်ခြင်းထက် ကျော်လွန်ပြီး အသွင်အပြင်ဒီဇိုင်း၊ မျက်နှာပြင် အရည်အသွေးနှင့် အခြားအရာများတွင်ပါ ပြီးပြည့်စုံကာ စျေးနှုန်းသတ်မှတ်မှုတွင်လည်း ပေးရသည့်ဈေးနှင့် တန်သည့် စမတ်ဖုန်းအဖြစ် ဆက်လက် ဦးဆောင်နေရာယူနေဦးမည်ဖြစ်သည်။

ယခုနှစ်၏ ကင်မရာစွမ်းဆောင်ရည်မြင့်အဖြစ် ရပ်တည်နေသည့် realme 11 Pro Series သည် ပုံရိပ်ဖော်နိုင်စွမ်းတွင်သာမက ဒီဇိုင်းပိုင်းကိုလည်း ပြောင်းလဲပေးထားသည်။ 11 Pro Series သည် realme Design Studio နှင့် Gucci ဒီဇိုင်နာဟောင်းတစ်ဦးတို့အကြား ပူးပေါင်းလုပ်ဆောင်မှုတစ်ခုဖြစ်ပြီး vegan သားရေနောက်ကျောနှင့် ခမ်းနားသောပုံသဏ္ဍန်များကို ပေါင်းစပ်ထားသော မာစတာဒီဇိုင်းကို ပြသထားသည်။

ခမ်းနားထည်ဝါသော အနုပညာလက်ရာများသည် realme ၏မတူကွဲပြားထူးခြားချက်များနှင့် ထပ်တူကျနေပြီး Gucci တွင် ကျော်ကြားသော ပါရမီရှင် Matteo Menotto ၏ ခမ်းနာလှပသောဒီဇိုင်းကို မိတ်ဆက်ပေးနိုင်ခဲ့သည်။

Milan ၏ ဖက်ရှင်ယဉ်ကျေးမှုမှ စိတ်ကူးစိတ်သန်းများကို ပုံဖော်ထားသည့် စက်ဝိုင်းကင်မရာ module သည် မြို့၏ နံနက်ခင်းနေရောင်ကို အမှတ်ရစေမည့် ပျော့ပျောင်းသော vegan သားရေဖြင့် ဖုံးအုပ်ထားသည့် အရုဏ်၏တောက်ပမှုကို ကိုယ်စားပြုသည်။

ဆွဲဆောင်မှုအပြည့်ရှိသော၊ ပရီမီယံ lychee vegan သားရေနောက်ကျောသည် လက်ဖြင့်ပြုလုပ်ထားသော 3D ချုပ်ရိုးချုပ်သား၊ အနုစိတ်သော ယက်လုပ်မှု လက်မှုပညာနှင့် ဆန်းသစ်တီထွင်မှုတို့ကို ပေါင်းစပ်ပုံဖော်ထားသည်။

Media Release: realme