realme က တန်ဖိုးနည်း စမတ်ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ realme 11x 5G လို့ အမည်ပေးထားပြီး 64MP ပင်မကင်မရာနဲ့ 33W Charging ထည့်သွင်းထားပါတယ်။

Realme 11x 5G is official with a 64 MP main camera, big battery

realme 11x 5G မှာ 6.72” LCD Full HD+ မျက်နှာပြင် တပ်ဆင်ထားပြီး 650 Nits Brightness နဲ့ 120Hz Refresh Rate ထည့်သွင်းထားပါတယ်။

Dimensity 6100+ Chipset မောင်းနှင်ထားပြီး Octa-core CPU ဖြစ်ပါတယ်။ 8GB RAM နဲ့ 128GB Storage ပါပြီး microSD Card Slot မပါပါဘူး။ 64MP ပင်မ ကင်မရာနဲ့အတူ 2MP Depth ကင်မရာ ပါလာပါတယ်။

Realme 11x 5G is official with a 64 MP main camera, big battery

33W SuperVOOC Charging ထောက်ပံ့တဲ့ 5,000mAh Battery တပ်ဆင်ထားပြီး ဖုန်း အထူက ၇.၈၉ မီလီမီတာ ဖြစ်ပါတယ်။ Purple Dawn နဲ့ Midnight Black ၂ ရောင် ထုတ်လုပ်ထားပြီး Android 13 အခြေပြု realme UI 4.0 မောင်းနှင်ထားပါတယ်။ ဘေးဘက်မှာ လက်ဗွေရာ ကိရိယာ မြှုပ်နှံထားပါတယ်။

realme 11x 5G ရဲ့ 6/128GB ကို ၁၈၀ ဒေါ်လာနဲ့ 8/128GB ကို ၁၉၅ ဒေါ်လာ သတ်မှတ်ထားပြီး ဒီလ ၃၀ ရက်နေ့ အိန္ဒိယမှာ ရောင်းချမှာပါ။ realme.com , Flipkart နဲ့ တခြားစတိုးတွေကနေ ဝယ်ယူနိုင်ပါတယ်။

Ref : gsmarena