realme 12 Series ဖုန်း အသစ် ၁ လုံကို အင်ဒိုနီးရှားနဲ့ မလေးရှားမှာ ကြေညာလိုက်ပါတယ်။ realme 12+ ဖြစ်ပြီး Dimensity 7050 Chipset , 67W Charging နဲ့ 50MP Main ကင်မရာ တပ်ဆင်ထားပါတယ်။

Realme 12+ key specs

realme 12+ မှာ 6.7” AMOLED FHD+ မျက်နှာပြင် တပ်ဆင်ထားပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ Punch Hole မှာ 16MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပြီး နှလုံးခုန်နှုန်း တိုင်းတာတဲ့ကိရိယာ အဖြစ် သုံးနိုင်တဲ့ လက်ဗွေရာ ကိရိယာ ပါပါတယ်။ အနောက်ဘက်ဟာ realme 12 Pro နဲ့ 12 Pro+ တို့လို သားရေ ဒီဇိုင်း ဖြစ်ပြီး ကင်မရာ ၃ လုံးကိုကြီးမားတဲ့ စက်ဝိုင်းပုံ Island ထဲမှာ ထည့်သွင်းထားပါတယ်။

Realme 12+ lands with Dimensity 7050, Sony LYT-600 camera, and 5000 mAh battery - Gizchina.com

အနောက်ဘက်မှာ 50MP Main (OIS) , 8MP Ultrawide နဲ့ 2MP Macro ကင်မရာ ၃ လုံး တပ်ဆင်ထားပါတယ်။ Dimensity 7050 Chipset , 8GB RM နဲ့ 256GB Storage ထည့်သွင်းထားပြီး Android 14 အခြေပြု realme UI 5.0 မောင်းနှင်ထားပါတယ်။ 67W Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါပါတယ်။

Navigator Beige နဲ့ Pioneer Green အရောင်တွေ ထုတ်လုပ်ထားပြီး ၂၆၇ ဒေါ်လာ သတ်မှတ်ထားပါတယ်။ လက်ရှိပေါက်ဈေးအရ မြန်မာငွေ ၉၅၀,၀၀၀ ဝန်းကျင်ကျသင့်မှာပါ။

Ref : gsmarena