ကမ္ဘာ့တိုးတက်မှုအမြန်ဆုံးစမတ်ဖုန်းကုမ္ပဏီဖြစ်တဲ့ realme ဟာ entry-level စမတ်ဖုန်းစျေးကွက်အတွက် မျိုးဆက်သစ် Note series အသစ်တစ်ခုကို မွေးဖွားပေးလိုက်ပြီဖြစ်ပြီး realme Note 50 အမည်နဲ့ မြန်မာပြည်မိုဘိုင်းစျေးကွက်ထဲကို ရောက်ရှိလာတော့မှာဖြစ်ပါတယ်။

realme ရဲ့ တည်ထောင်သူနဲ့ CEO ဖြစ်သူ Sky Li က “Note series အသစ်ကိုမွေးဖွားပေးလိုက်တဲ့အချက်က ထုတ်ကုန်တစ်ခုကိုမိတ်ဆက်ပေးလိုက်တဲ့သဘော၊ စျေးကွက်ဝေစုတိုးတက်စေဖို့အတွက်မျှသာမဟုတ်ပါဘူး။ အနာဂတ်အတွက် မျှော်မှန်းချက်နဲ့ စိန်ခေါ်မှုတွေအတွက် ကျွန်တော်တို့ရဲ့တုံ့ပြန်မှုအဖြစ်မှတ်ယူနိုင်ပါတယ်။

ကျွန်တော်တို့ လေးနက်ခိုင်မာစွာယုံကြည်ထားတာက နည်းပညာရဲ့အံ့ချီးဖွယ်ရာတွေဆိုတာ တီထွင်ဆန်းသစ်မှုအပေါ်တွေမှာသာမကဘဲ သူတို့ရဲ့လူကြိုက်များမှုအပေါ်တွေမှာလည်း တည်မှီနေတာပဲဖြစ်ပါတယ်” ဟု ပြောဆိုသွားခဲ့သည်။


10 million Sale အထိ ဦးတည်ထားတဲ့ realme Note 50
realme Note 50 အတွက် ပိုမိုကြီးမားတဲ့မျှော်လင့်ချက်အဖြစ် စျေးကွက်ရဲ့အမှန်တကယ်လိုအပ်နေတဲ့အပိုင်းကို ဖြည့်ဆည်းနိုင်စေဖို့ရည်ရွယ်ချက်နဲ့ Note series အသစ်ကို သည်ဆောင်လာခဲ့တာဖြစ်ပြီး Top to Bottom ဖြန့်ကျက်မှုအဖြစ် အမြင့်ဖုန်းတွေကစလို အနိမ့်ပိုင်းအထိ သက်ဆိုင်ရာစျေးကွက်အသီးသီးရဲ့ လိုအပ်ချက်နဲ့တောင်းဆိုမှုကို ၂၀၂၄ မှာ တိုးချဲ့ဖြည့်ဆည်းပေးသွားတော့မှာပဲဖြစ်ပါတယ်။ Note series ရဲ့ကမ္ဘာတစ်ဝန်းလုံးရောင်းအားဟာ ၁၀သန်းဆိုတဲ့အတိုင်းအတာထိ ရောင်းချေပေးသွားနိုင်ဖို့ ရည်ရွယ်ဦးတည်ထားတာဖြစ်ပါတယ်။

“အတန်ဆုံးနဲ့ကြာကြာသုံး Note 50 ဖုန်း” _ အရည်အသွေးမှာထိပ်တန်းအဆင့် (၂၄လ အထိ ထပ်တိုးအာမခံနဲ့ ၄၈လကြာ ချောမွေ့ပြေပြစ်စွာအသုံးပြုနိုင်စေမှု)
realme Note 50 ထုတ်ကုန်သစ်ကို စတင်ထုတ်လုပ်ရာမှာ အဓိကအခြေပြုတွေးခေါ်မှုစံနှုန်းတစ်ရပ်ရှိပါတယ်။ အဲ့ဒါက စိတ်ချယုံကြည်မှုရှိစေရမယ်၊ တာရှည်အကြမ်းခံစေရမယ်ဆိုတဲ့အချက်တွေပဲဖြစ်ပါတယ်။ သူ့မှာပါဝင်တဲ့ IP54 rating ကြောင့် ဖုန်ဒဏ်၊ ရေစိုဒဏ်တွေကို ကာကွယ်ပေးနိုင်ပြီး မတော်တဆ ရေစင်တာတွေအတွက် စိတ်ပူစရာမလိုတော့ပါဘူး။

ဒါ့အပြင် မြင့်မားတဲ့ဖိအားဒဏ်ခံနိုင်တဲ့ ဖုန်းမျက်နှာပြင်ကာဗာနဲ့ အတွင်းပိုင်းမှာရှိတဲ့ မာကျောမှုအဆင့်မြင့်မားတဲ့အလူမီနီယံကိုယ်ထည်တည်ဆောက်မှုကလည်း သူ့လိုစျေးတန်းမျိုးမှာ မတော်တဆပြုတ်ကျမှုဒဏ်ကိုလည်း ထိပ်တန်းအဆင့်အနေနဲ့ ခံနိုင်စေဦးမှာဖြစ်ပါတယ်။ realme ရဲ့သုတေသနနဲ့ဖွံ့ဖြိုးရေးအဖွဲ့ရဲ့ကြိုးပမ်းအားထုတ်ပေးထားမှုနဲ့အတူ သုံးစွဲသူတွေအနေနဲ့ realme Note 50 အတွက်ရေရှည်အသုံးပြုရာမှာ ချောမွေ့ပြေပြစ်တဲ့အတွေ့အကြုံကိုပါ ၄၈ လ အထိရရှိစေဦးမှာဖြစ်ပါတယ်။

Entry-level အဆင့်ဖုန်းတစ်လုံးမှာ အခုလို သွက်လက်ချောမွေ့မှုစံချိန်တစ်ရပ်ကို ရယူပေးထားတဲ့အချက်က “အတန်ဆုံးနဲ့ကြာကြာသုံး Note 50 ဖုန်း” ဆိုတဲ့အားသာချက်ကို လက်တွေ့ကျကျရရှိစေမှာဖြစ်ပါတယ်။ Battery အားအတွက်လည်း အကြိမ်ရေ ၁၂၀၀ အထိ အားသွင်းတာမျိုးလုပ်ပြီးရင်တောင်မှ Battery အားပမာဏက အနိမ့်ဆုံး ၈၀ ရာခိုင်နှုန်းအထက်ရှိနေဦးမှာဖြစ်လို့ တစ်နေ့တစ်ကြိမ်အားသွင်းမှုအပေါ်မှာတွက်ချက်ရရင် ၃နှစ်လောက်အထိ Battery အပေါ်မှာ တစ်စုံတစ်ရာစိုးရိမ်စရာမရှိစေဘဲ အသုံးပြုနိုင်စေမှာဖြစ်ပါတယ်။

“အိပ်မက်အသစ် ထိုက်တန်မှုအသစ် Note အသစ်” (စွမ်းဆောင်ရည်အတွက် ပိုမိုသာလွန်းတဲ့ Entry-level ဖုန်း)
realme Note 50 ရဲ့စွမ်းဆောင်ရည်အပိုင်း ရေရှည်ကောင်းမွန်စေဖို့အတွက် AnTuTu benchmark (၂သိန်း ၄သောင်းကျော်) အထိရရှိထားတဲ့ octa-core UNISOC T612 chipset ကိုထည့်သွင်းအသုံးပြုပေးထားတာဖြစ်ပြီး ညီညွတ်မျှတတဲ့ သုံးစွဲမှုအတွေ့အကြုံကို ရရှိစေမှာဖြစ်သလို မူလ RAM ပမာဏ 4GB ကိုလည်း (DRE) နည်းပညာကြောင့် RAM 8GB အထိရယူအသုံးပြုနိုင်စေလို့ app တစ်ခုနဲ့တစ်ခုအကြား ပြောင်းလဲအသုံးပြုမှုကိုလည်း မြန်ဆန်စေဦးမှာ ဖြစ်ပါတယ်။ မြန်မာပြည်စျေးကွက်အတွက် မိမိတို့ budget အလိုက်ရွေးချယ်နိုင်စေဖို့ RAM+ROM version ၂ မျိုးနဲ့ ရောင်းချပေးသွားဖို့ စီစဥ်ထားပါတယ်။

မြင်ကွင်းကျယ်ကျယ် 90Hz Display ကိုမှ ပါးလွှာပေါ့ပါးတဲ့ဒီဇိုင်းနဲ့ realme Note 50 တန်ဖိုးသင့်ဖုန်းတစ်လုံးအတွက် မျက်နှာပြင်ကြီးမားမှုကလည်း များစွာအရေးပါပါတယ်။ နေ့စဥ် Social Media အသုံးပြုရာမှာ မြင်းကွင်းကျယ်ကျယ်နဲ့ မျက်နှာြပင်အပြည့် အတွေ့အကြုံကို ရရှိစေဖို့အတွက် realme Note 50 မှာ ၆.၇၄ လက်မ 90Hz Display ကိုအသုံးပြုပေးထားသလို မျက်နှာပြင်နဲ့ကိုယ်ထည် အချိုးအစားကလည်း ၉၀.၃ ရာခိုင်နှုန်းအထိ ရရှိစေမှာဖြစ်ပါတယ်။

ဖုန်းရဲ့အထူက ၇.၉၉ မီလီမီတာသာရှိပြီး အလေးချိန်က ၁၈၆ ဂရန်သာရှိမှာဖြစ်ပါတယ်။ ပြင်ပအခြေအနေမျိုးမှာ အသုံးပြုနိုင်စေဖို့အတွက်လည်း အလင်းအားပမာဏကို 560 nits အထိထောက်ပံ့ပေးထားပါတယ်။ လူငယ်သုံးစွဲသူအများစု သဘောကျနှစ်သက်တဲ့ Mini Capsule ကိုလည်း ပင်မ Noti ပြသပေးမှုတွေအတွက် အသုံးပြုနိုင်စေဦးမှာဖြစ်ပါတယ်။

လိုင်းဆွဲအားပိုကောင်းပြီး ဘေးဘက်လက်ဗွေဖတ်စနစ်နဲ့ သက်သောင့်သက်သာသုံးနိုင်မယ်
realme Note 50 မှာ လိုင်းဆွဲအားပိုင်းပိုမိုကောင်းမွန်စေဖို့အတွက် ဖုန်းရဲ့အပေါ်ပိုင်းနဲ့အောက်ဘက်ပိုင်းတို့မှာ နေရာကျနစွာနဲ့ Antenna တို့ကို ဒီဇိုင်းပြုလုပ်ထည့်သွင်းပေးထားတာဖြစ်ပါတယ်။ မြန်ဆန်သက်သောင့်သက်သာရှိစေမယ့် ဘေးဘက်လက်ဗွေဖတ်စနစ်ကို ထည့်သွင်းပေးထားပြီး တစ်ချက်တို့ထိလိုက်ရုံနဲ့ အလွယ်တကူပွင့်စေမှာဖြစ်ပါတယ်။

Type-C ခေါင်းနဲ့ 5000mAh Battery ကို အားသွင်းနိုင်ပြီ
ကြာရှည်ခံတန်ဖိုးသင့်ဖုန်းတစ်လုံးအဖြစ် realme Note 50 ကိုထုတ်ပေးလိုက်ပေမယ့် ဒီဘက်ခေတ် လူငယ်အများစုနှစ်သက်သလို တခြားသော Gadget အများစုနဲ့ပါကိုက်ညီစေမယ့် Type-C အမျိုးအစား အားသွင်းပေါက်ကို ထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ ညအိပ်ချိန်ကျမှ အားသွင်းထားလိုက်တာနဲ့ နောက်တစ်နေ့အသုံးပြုမှုအတွက် 5000mAh Battery က လုံလောက်မှုအပြည့်ရှိစေမှာဖြစ်ပါတယ်။

Media release: realme