realme က Number Series ထဲမှာ ပထမဆုံး အနေနဲ့ Telephoto ကင်မရာ ပါတဲ့ realme 12 ကို ကြေညာလိုက်ပါတယ်။

Realme 12 Pro & 12 Pro+Realme 12 Pro & 12 Pro+

realme 12 Pro မှာ 6.7” OLED မျက်နှာပြင်ကွေး တပ်ဆင်ထားပြီး 120Hz Refresh Rate နဲ့ 240Hz Touch Sampling Rate ထောက်ပံ့ထားပါတယ်။ Chipset က Snapdragon 6 Gen 1 ဖြစ်ပြီး 2.2GHz CPU နဲ့ Adreno 710 GPU ပါပါတယ်။

5,000mAh Battery နဲ့ 67W SuperVOOC Charging ထည့်သွင်းထားပြီး ၁၉ မိနစ်အတွင်း ၅၀ ရာခိုင်နှုန်းနဲ့ ၄၈ မိနစ်အတွင်း ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။

Realme 12 Pro duo comes with a telephoto camera, 12 Pro+ adds a periscope lens

အနောက်ဘက်မှာ 50MP Main (OIS) , 32MP Telephoto (2x Zoom) နဲ့ 8MP Ultrawide Angle ကင်မရာ ၃ လုံး တပ်ဆင်ထားပြီး ဆဲလ်ဖီး ကင်မရာက 16MP ဖြစ်ပါတယ်။ Android 14 အခြေပြု realme UI 5.0 မောင်းနှင်ထားပြီး အနောက်ဘက်ကို သားရေဒီဇိုင်း ပြုလုပ်ထားပါတယ်။ (တကယ်တော့ ပလတ်စတစ်ပါ။ ) Submariner Blue နဲ့ Navigator Beige အရောင်ထုတ်လုပ်ထားပါတယ်။

8/128GB ကို ၃၁၀ ဒေါ်လာနဲ့ 8/256GB ကို ၃၂၅ ဒေါ်လာ သတ်မှတ်ထားပြီး အိန္ဒိယမှာ ရောင်းချပေးလိုက်ပါပြီ။

Ref : gsmarena