realme က 13 Pro , 13 Pro+ နဲ့ 13 4G ကို ကြေညာထားပြီး အခုတော့ 13+ 5G ကို မိတ်ဆက်လိုက်ပါတယ်။ realme 13+ 5G ဟာ MediaTek Dimensity 7300 Energy Chipset ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်ပါတယ်။ 4x Cortex A78 Cores နဲ့ 4x Cortex A55 ပါတဲ့ Core ၈ လုံးပါတဲ့ Chipset ဖြစ်ပါတယ်။

4nm Chipset မှာ Mali-G615 GPU ထည့်သွင်းထားပြီး စွမ်းအင် စီမံခန့်ခွဲမှု ပိုကောင်းလာသလို MediaTek NPU 655 Neural Processing Unit ပါလာပါတယ်။

realme က အပူချိန်လျှော့ချပေးဖို့ 6050 mm2 Stainless Steel Vapor Chamber ထည့်သွင်းထားပါတယ်။

အရှေ့ဘက်မှာ realme 13+ မှာ 6.67” 120Hz OLED Display တပ်ဆင်ထားပြီး 2,000 Nits Peak Brightness ထောက်ပံ့ထားပါတယ်။ အနောက်ဘက်မှာ 50MP Main နဲ့ 8MP Ultrawide ကင်မရာ တပ်ဆင်ထားပါတယ်။

Realme 13+ 5G

realme 13+ မှာ 80W Fast Charging ထောက်ပံ့တဲ့ 5,000mAh Battery တပ်ဆင်ထားပြီး Android 14 အခြေပြု realme UI မောင်းနှင်ထားပါတယ်။ Victory Gold, Speed Green နဲ့ Dark Purple အရောင်တွေ ထုတ်လုပ်ထားပါတယ်။

8/128GB Version ကို ၂၇၅ ဒေါ်လာ၊ 8/256GB ကို ၃၀၀ ဒေါ်လာနဲ့ 12/256GB ကို ၃၂၀ ဒေါ်လာ သတ်မှတ်ထားပြီး စက်တင်ဘာလ ၆ ရက်နေ့ ရောင်းမှာပါ။

Ref : gsmarena