Zawgyi

Realme ကေန ဒီလပိုင္းမွာ ဆက္တုိက္မိတ္ဆက္ေနတဲ့စမတ္ဖုန္းေတြထဲကမွ Realme 3 Pro ဟာ စြမ္းေဆာင္ရည္ပိုင္းအရေရာ၊ ေစ်းႏႈန္းအရေရာ ေအာင္ျမင္ေနတဲ့ စမတ္ဖုန္းတစ္ခုလုိ႔ ေျပာလုိ႔ရပါတယ္။ အခုအခ်ိိန္မွာေတာ့ Realme ကေန ဒီ Realme 3 Pro စမတ္ဖုန္းကို ပိုျပီး ေရြးခ်ယ္ဖုိ႔ေကာင္းလာတဲ့ Feature Update တစ္ခုကို ထုတ္ေပးလုိက္ျပီျဖစ္ပါတယ္။

ဒါကေတာ့ Realme 3 Pro မွာ အသံုးျပဳထားတဲ့ ColorOS 6 Update ပဲျဖစ္ျပီးေတာ့ June 2019 Security Patch ကိုပါ Update လုပ္ေပးခဲ့တာျဖစ္ပါတယ္။ Realme 3 Pro အသံုးျပဳသူေတြအေနနဲ႔ Download ျပဳလုပ္ဖုိ႔အတြက္ကေတာ့ Version Number အေနနဲ႔ RMX1851EX_11_A.15 နဲ႔ Update လုပ္ႏုိင္မွာျဖစ္ျပီးေတာ့ File Size အေနနဲ႔ေတာ့ 320MB ဝန္းက်င္ရွိမွာျဖစ္ပါတယ္။

အခု Realme 3 Pro မွာ သိသိသာသာေျပာင္းလဲသြားတဲ့အခ်က္ေတြကေတာ့ Video ရုိက္ကူးတဲ့အခ်ိန္မွာ 240fps Slow-mo Mode ပါဝင္လာတာနဲ႔ Gesture အသစ္ေတြပါဝင္လာတာပဲျဖစ္ပါတယ္။ ယခု Gesture အသစ္ဟာဆုိရင္ Back Button ကို Display ရဲ႕ ဘယ္ဘက္ ဒါမွမဟုတ္ ညာဘက္ကေန Swipe ျပဳလုပ္လုိက္ခြင့္ရရွိလာျပီလည္းျဖစ္ပါတယ္။

အခု ဒီ Realme 3 ရဲ႕ Update Changelog ကေတာ့ ေအာက္ပါအတိုင္းပဲျဖစ္ပါတယ္။

တကယ္လုိ႔ ကိုယ္အသံုးျပဳေနတဲ့ Realme 3 Pro ဖုန္းက ဒီ Update ကိုမရရွိေသးဘူးဆုိရင္လည္း Region အရ အခ်ိန္အနည္းငယ္ကြာျခားႏုိင္တဲ့အတြက္ ေစာင့္ဆုိင္းဖုိ႔ေတာ့ လုိအပ္မွာပါ။

Ref – GSM Arena

Unicode

Realme ကနေ ဒီလပိုင်းမှာ ဆက်တိုက်မိတ်ဆက်နေတဲ့စမတ်ဖုန်းတွေထဲကမှ Realme 3 Pro ဟာ စွမ်းဆောင်ရည်ပိုင်းအရရော၊ ဈေးနှုန်းအရရော အောင်မြင်နေတဲ့ စမတ်ဖုန်းတစ်ခုလို့ ပြောလို့ရပါတယ်။ အခုအချိန်မှာတော့ Realme ကနေ ဒီ Realme 3 Pro စမတ်ဖုန်းကို ပိုပြီး ရွေးချယ်ဖို့ကောင်းလာတဲ့ Feature Update တစ်ခုကို ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။

ဒါကတော့ Realme 3 Pro မှာ အသုံးပြုထားတဲ့ ColorOS 6 Update ပဲဖြစ်ပြီးတော့ June 2019 Security Patch ကိုပါ Update လုပ်ပေးခဲ့တာဖြစ်ပါတယ်။ Realme 3 Pro အသုံးပြုသူတွေအနေနဲ့ Download ပြုလုပ်ဖို့အတွက်ကတော့ Version Number အနေနဲ့ RMX1851EX_11_A.15 နဲ့ Update လုပ်နိုင်မှာဖြစ်ပြီးတော့ File Size အနေနဲ့တော့ 320MB ဝန်းကျင်ရှိမှာဖြစ်ပါတယ်။

အခု Realme 3 Pro မှာ သိသိသာသာပြောင်းလဲသွားတဲ့အချက်တွေကတော့ Video ရိုက်ကူးတဲ့အချိန်မှာ 240fps Slow-mo Mode ပါဝင်လာတာနဲ့ Gesture အသစ်တွေပါဝင်လာတာပဲဖြစ်ပါတယ်။ ယခု Gesture အသစ်ဟာဆိုရင် Back Button ကို Display ရဲ့ ဘယ်ဘက် ဒါမှမဟုတ် ညာဘက်ကနေ Swipe ပြုလုပ်လိုက်ခွင့်ရရှိလာပြီလည်းဖြစ်ပါတယ်။

အခု ဒီ Realme 3 ရဲ့ Update Changelog ကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

တကယ်လို့ ကိုယ်အသုံးပြုနေတဲ့ Realme 3 Pro ဖုန်းက ဒီ Update ကိုမရရှိသေးဘူးဆိုရင်လည်း Region အရ အချိန်အနည်းငယ်ကွာခြားနိုင်တဲ့အတွက် စောင့်ဆိုင်းဖို့တော့ လိုအပ်မှာပါ။

Ref – GSM Arena