Realme 6 အတွက် ပထမဆုံး Software Update ကို ပြီးခဲ့တဲ့ ၂ ပတ်လောက်က ရခဲ့ပြီး ၂၀၂၀ ခုနှစ် မတ်လ Android Security Patch ပါလာပါတယ်။ ဒါ့အပြင် အရှေ့ကင်မရာအတွက် 120fps Slow-motion ဗီဒီယို ရိုက်ကူးမှု ထည့်ပေးခဲ့ပါတယ်။ အခုတော့ ကုမ္ပဏီက Realme 6 အတွက် နောက်ထပ် Update ဖြန့်ချိပေးလိုက်ပြီး Thrid-party Apps တွေမှာ HD ဗီဒီယို ကြည့်တာနဲ့ ပတ်သက်တဲ့ ပြဿနာကို ဖြေရှင်းပေးထားပါတယ်။

Firmware အသစ်ရဲ့ အရွယ်အစားဟာ 320MB ရှိပြီး Version Number က RMX2001_11_B.17 ဖြစ်ပါတယ်။ Over-the-air ကနေ ဖြန့်ချိပေးလိုက်တာ ဖြစ်ပြီး လာမယ့် ၁ ပတ်၊ ၂ ပတ်လောက်အတွင်းမှာ ကမ္ဘာအဝန်းမှာ ရရှိကြမယ်လို့ ထင်ပါတယ်။

Changelog မှာ မဖော်ပြထားပေမယ့် Realme India CEO Madhav Sheth က နောက်ဆုံးထုတ် Update မှာ Realme 6 ကနေ Netflix က HD ဗီဒီယိုတွေကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်လို့ ပြောထားပါတယ်။ သူက Pro Version မှာလည်း နောက်ဆုံးထုတ် Update မှာ Netflix က HD ဗီဒီယိုတွေ ကြည့်ရှုနိုင်တယ်လို့ ပြောပြီး ပြီးခဲ့တဲ့ ၁ ပတ်က RMX2061_11_A.11 Update ကို ဖြန့်ချိပေးခဲ့တာပါ။

Realme က 6 နဲ့ 6 Pro မှာ Amazon Prime Video အတွက် HD Support ကို မကြာခင်ရတော့မယ်လို့ ပြောပါတယ်။ အရင်ကတော့ Realme India CMO Francis Wang က Realme 6 မှာ Helio G90T SoC ပါတဲ့အတွက် 1080p Streaming မရဘူးလို့ ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် ကုမ္ပဏီက 6 မှာ HD Streaming ရစေနိုင်တဲ့နည်းလမ်းကို ရှာတွေ့ခဲ့တယ်လို့ ထင်ပါတယ်။

Ref : gsmarena