realme က အိန္ဒိယမှာ realme 6i ကို ကြေညာလိုက်ပါပြီ။ မတ်လမှာ မြန်မာ အပါအဝင် နိုင်ငံတချို့မှာ ကြေညာခဲ့တဲ့ realme 6i ကို မေလက အိန္ဒိယမှာ Narzo 10 နာမည်နဲ့ ချပြခဲ့ပါတယ်။ အခု အိန္ဒိယမှာ ကြေညာလိုက်တဲ့ realme 6i က မေလမှာ မိတ်ဆက်ခဲ့တဲ့ realme 6s ဖြစ်ပါတယ်။ realme ရဲ့ နာမည်ပေးတဲ့ မူဝါဒတွေဟာ နည်းနည်းတော့ ရှုပ်ထွေးနေပါတယ်။

Realme 6i ဟာ realme 6 ရဲ့ တန်ဖိုးနည်း မော်ဒယ် ဖြစ်ပြီး Main ကင်မရာကို လျှော့ချထားပါတယ်။ 6 ရဲ့ 64MP Main အစား 48MP Main ကင်မရာကို အစားထိုးထားပါတယ်။ 6i ရဲ့ တခြား Specs တွေက တူညီကြပါတယ်။ Helio G90T SoC , Android 10 အခြေပြု realme UI , ၆.၅ လက်မ FullHD+ 90Hz LCD , 4,300mAh ဘက်ထရီနဲ့ ဘေးဘက် လက်ဗွေရာ ကိရိယာတွေ ပါပါတယ်။

30W Fast Charging ထောက်ပံ့ထားပေမယ့် 20W Charger ပဲ ဘူးထဲမှာ ထည့်ထားပါတယ်။ realme က ကုန်ကျစားရိတ် သက်သာစေဖို့လို့ ပြောပါတယ်။ 6i မှာ 16MP ဆဲလ်ဖီး ကင်မရာကို Punch Hole မှာ တပ်ဆင်ထားပြီး အနောက်ဘက်မှာ 48MP Main , 8MP Ultrawide , 2MP Macro နဲ့ 2MP Depth ကင်မရာ ၄ လုံး ထည့်ထားပါတယ်။

Eclipse Black နဲ့ Lunar White ၂ ရောင် ထုတ်လုပ်ထားပြီး 256GB microSD Card စိုက်နိုင်ပါတယ်။ 4/64GB နဲ့ 6/64GB ထုတ်လုပ်ထားပြီး ၁၂,၉၉၉ ရူပီးနဲ့ ၁၄,၉၉၉ ရူပီး သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၂ သိန်း ၃ သောင်းနဲ့ ၂ သိန်း ၇ သောင်းလောက် အသီးသီး ကျသင့်မှာ ဖြစ်ပြီး ၃၁ ရက်နေ့မှာ Flipkart နဲ့ realme Website ကနေ ရောင်းမှာပါ။

Ref : gsmarena