realme Myanmar က စမတ်ဖုန်းထုတ်ကုန်သစ်ဖြစ်သည့် realme 6i ကို Online Launch Event အဖြစ် ပြီးခဲ့သည့် မတ်လ (၁၇) ရက်နေ့၌ ကမ္ဘာ့ပထမဆုံးအဖြစ် မြန်မာပြည်မိုဘိုင်းဈေးကွက်တွင် စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ realme 6i ၏အဓိကထူးခြားချက်မှာ ကမ္ဘာ့ပထမဆုံး Helio G80 Processor ကိုအသုံးပြုပေးထားခြင်းဖြစ်ပြီး ထူးခြားသည့် Gaming အတွေ့အကြုံကောင်းများကိုရရှိစေမှာပါ။ realme 6i အတွက် version ၂မျိုးထုတ်လုပ်ပေးထားပြီး 4GB RAM+128GB ROM ကို ၂၉၉,၉ဝဝ ကျပ်ဖြင့် မတ်လ (၁၈) ရက်မှ (၂၆) ရက်အထိ ကြိုတင် Pre-order များလက်ခံပေးလျက်ရှိပြီး မတ်လ (၂၉) ရက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာအဖြစ် ရောင်းချပေးသွားရန်စီစဉ်ထားပါတယ်။
ထို့အပြင် Pre-order မှာယူသူများအနေဖြင့် realme ကပေးအပ်ထားသည့် realme Brand T-shirt နှင့် Mini Bluetooth Speaker တို့ပါဝင်သော Gift-set box ကိုရရှိမှာဖြစ်သည့်အပြင် Pre-order တင်ထားသော Voucher စာရွက်ကို ဓာတ်ပုံရိုက်ကာ realme Myanmar Facebook Page တွင် တင်ထားသော Pre-order Post အောက်တွင် Comment အဖြစ်လာပြပါက နောက်ထပ် realme 6i တစ်လုံး ကံထူးခွင့်ကို ရရှိနိုင်ဦးမည်ဖြစ်ကာ စုစုပေါင်း (၃) ဦးအထိ ရွေးချယ်ချီးမြှင့်ပေးသွားမှာဖြစ်ပါတယ်။ ထို့အပြင် အဆိုပါ ကံထူးရှင် (၃) ဦးထဲကမှ ပိုမိုကံထူးသူတစ်ဦးကို ဆက်လက်ရွေးချယ်ကာ realme ၏ KV Star ဖြစ်သူ ပြည်သူချစ်အနုပညာရှင် ကောင်းမြတ်စံက အိမ်တိုင်ရာရောက် Surprised Delivery အဖြစ် လာရောက်ပို့ဆောင်ပေးပါလိမ့်မယ်။ realme 6i အတွက် နောက်ထပ် version တစ်မျိုးဖြစ်သော 3GB RAM+64GB ROM ကို Stock အခက်အခဲကြောင့် လာမည့်ဧပြီလအတွင်းမှ ဈေးနှုန်း ၂၄၉,၉ဝဝ ကျပ်ဖြင့် တိုက်ရိုက်အဖြစ်စတင်ရောင်းချပေးသွားမှာဖြစ်ပြီး အသေးစိတ်အချက်အလက်များအတွက် realme Myanmar Facebook Page တွင် ဆက်လက်ကြေညာပေးသွားမှာပါ။
realme 6i တွင် နာက်ဘက် ကင်မရာ (၄)လုံးအထိပါဝင်ပြီး ပင်မကင်မရာမှာ 48MP အရည်အသွေးရှိဓာတ်ပုံများကို ရိုက်ယူနိုင်ပါမယ်။ ဒုတိယ ကင်မရာအတွက် ၁၁၉ ဒီဂရီအထိ မင်ကွင်းကျယ်ဓာတ်ပုံများ ရိုက်ယူနိုင်စေမည့် 8MP Wide-angle Lens ကိုအသုံးပြုပေးထားပြီး Portrait အလှပုံများအတွက် 2MP depth sensor နှင့် ၄ စင်တီမီတာအကွာမှ အနုစိတ်ပုံများစမ်းသပ်ရိုက်ကူးနိုင်စေမည့် 2MP Ultra Micro Lens တို့ကိုတပ်ဆင်ပေးထားပါတယ်။ ပိုကောင်းသည့် ရှ့ဘက် 16MP Selfie ကင်မရာကို တိုးမြှင့်အသုံးပြုပေးထားပြီး ထူးခြားသည့်အလှဖန်တီးမှုဆိုင်ရာ feature များကို အသုံးပြုနိုင်စေဦးမည်ဖြစ်ပါတယ်။ ဖုန်း Battery ပိုင်းတွင် 5000 mAh အမျိုးအစားကိုအသုံးပြုထားပြီး 18W (Quick Charge) ပါဝင်သည့် Type-c port ကိုပါအသုံးပြုပေးထားပါတယ်။
Mobile Legends ဂိမ်းများကစားလျှင် ၁၂နာရီကျော်အထိ အားခံစေမှာဖြစ်သလို 6.5-inch HD+ ရုပ်ထွက်အရည်အသွေးနှင့် မြင်ကွင်းကျယ်အတွေ့ကြုံကို realme 6i တွင် ခံစားအသုံးပြုနိုင်မှာဖြစ်ပါတယ် Android 10 ကိုအခြေခံထားသည့် realme ၏ကိုယ်ပိုင် UI ကိုပါ တစ်ပါတည်းထိတွေ့အသုံးပြုနိုင်စေမှာဖြစ်ကာ ဒီဇိုင်းပိုင်းတွင် ထူးခြားသည့်အသွင်မျိုးအဖြစ် ဂျပန်လူမျိုးကမ္ဘာ့ဒီဇိုင်းပညာရှင် Naoto Fukasawa က အစင်းလိုင်းလေးတွေအဖြစ် ဖန်တီးပေးထားပြီး Green Tea (အစိမ်းရောင်)နှင့် White Milk (အဖြူရောင်) ၂မျိုးကိုရွေးချယ်နိုင်မှာပါ။ ဖုန်း Unlocking စနစ်အတွက် Pattern Lock နှင့် Passcode အပါအဝင် Face Unlock နှင့် Fingerprint စနစ်တို့ကိုပါ အသုံးပြုနိုင်မည်ဆိုတဲ့အကြောင်း သတင်းကောင်းပါလိုက်ရပါတယ်။