realme 9 Pro Series ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ကြေညာခဲ့ပြီး အဲဒီနောက်မှာ realme 9 5G ကို ပွဲထုတ်ခဲ့ပါတယ်။ အခုတော့ realme 9 4G (LTE Version) ရဲ့ အလှည့် ကျရောက်လာပြီ ဖြစ်ပြီး ကုမ္ပဏီက ဒီလ ၇ ရက်နေ့ မိတ်ဆက်မယ်လို့ အတည်ပြုလိုက်ပါတယ်။

Realme 9 4G Will Launch Alongside Realme GT 2 Pro On This Date: Expected Price, Specs And More

realme 9 4G ဟာ 108MP Resolution နဲ့ Pixel-binning နည်းပညာ အသစ် ပါတဲ့ Samsung ISOCELL HM6 Sensor ကို အသုံးပြုထားတဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်လာမှာပါ။

Inexpensive smartphone with a very cool camera: Realme 9 4G declassified with 108 MP in the budget class - Digit News

တခြား ကင်မရာ Sensor တွေရဲ့ သတင်းအချက်အလက်တွေကို မသိရသေးပေမယ့် realme က 120-degree FoV ပါတဲ့ Ultrawide ကင်မရာနဲ့ 4cm Macro ကင်မရာတွေ ထည့်သွင်းထားမယ်လို့ ပြောထားပါတယ်။

realme 9 4G အတွက် အရောင် ၃ မျိုး ထုတ်လုပ်ထားမှာ ဖြစ်ပြီး အမိုက်ဆုံး အရောင်က Sunburse Gold ဖြစ်မှာပါ။ စမတ်ဖုန်း အထူက ၇.၉၉ မီလီမီတာနဲ့ အလေးချိန်က ၁၇၈ ဂရမ် ရှိမှာ ဖြစ်ပြီး realme က 90Hz Refresh Rate ထောက်ပံ့ထားတဲ့ Super AMOLED မျက်နှာပြင် တပ်ဆင်ပေးထားမှာ ဖြစ်ပါတယ်။ နှလုံးခုန်နှုန်း တိုင်းတာတဲ့ ကိရိယာလို အသုံးပြုနိုင်တဲ့ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မြှပ်နှံထားမှာ ဖြစ်ပါတယ်။

realme 9 4G ဟာ realme 8 Pro ပြီးနောက် 108MP Sensor ပါတဲ့ ကုမ္ပဏီရဲ့ ဒုတိယမြောက် စမတ်ဖုန်း ဖြစ်လာမှာပါ။ ဒါပေမယ့် realme 8 Pro မှာ ISOCELL HM2 အဟောင်းကို အသုံးပြုထားပြီး realme 9 4G မှာတော့ HM6 Sensor အသစ်စက်စက်ကို ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

Ref : gsmarena