realme 9 5G ကို ကြေညာထားပြီးပြီ ဖြစ်ပြီး အခုတော့ 4G Version ကို မိတ်ဆက်လိုက်ပါတယ်။ 4G မှာ Snapdragon 680 ထည့်သွင်းထားပြီး 5G မှာတော့ Dimensity 810 တပ်ဆင်ထားတာပါ။ 4G ရဲ့ Chipset ဟာ အားနည်းပေမယ့် တချို့ အစိတ်အပိုင်းတွေက ပိုမြင့်သွားပါတယ်။ 5G မှာ အများဆုံး 6GB RAM ပဲ ထည့်ထားပေမယ့် 4G မှာ 8GB RAM ပါလာပြီး realme UI က 5GB Virtual RAM အထိ တိုးမြှင့်ပေးနိုင်ပါတယ်။

Realme 9 (4G) highlights

အကြီးမားဆုံးတိုးတက်လာမှုက 4G မှာ 108MP ISOCELL HM6 Sensor ကို ပင်မ ကင်မရာအတွက် ထည့်သွင်းထားတာ ဖြစ်ပြီး HM6 ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်လာပါတယ်။ ပိုကောင်းလာတဲ့ NonaPixel Plus 9-to-1 Pixel Binning နည်းပညာက အရင်မျိုးဆက်တွေထက် အလင်းစုစည်းရာမှာ ၁၂၃ ရာခိုင်နှုန်း တိုးတက်လာပါတယ်။

Snapdragon 680 chipset

အနောက်ဘက်မှာ 5G မှာ မပါတဲ့ 8MP Ultra Wide-angle ကင်မရာ ၁ လုံး တပ်ဆင်ထားပြီး နောက် ၁ လုံးက 2MP Macro ကင်မရာ ဖြစ်ပါတယ်။ Telephoto ကင်မရာတော့ မပါလာပေမယ့် ပင်မ ကင်မရာက 3x Lossless Digital Zoom ကို ထောက်ပံ့ပေးပါတယ်။

The first phone with the 108 MP ISOCELL HM6 sensor and its new NonaCell Plus tech

realme 9 4G မှာ ၆.၅ လက်မ Super AMOLED မျက်နှာပြင်ကို သုံးထားပြီး 90Hz Refresh Rate နဲ့ 360Hz Touch Sampling Rate ပါပါတယ်။ 1,000 nits Brightness ထောက်ပံ့ထားပြီး Gorilla Glass 5 နဲ့ ကာကွယ်ထားပါတယ်။

Realme 9 arrives with 108MP camera, Realme GT2 Pro also launches in India

မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး စိတ်ဝင်စားစရာကောင်းတာက နှလုံးခုန်နှုန်းကို တိုင်းတာပေးနိုင်တာပါ။ 5,000mAh ဘက်ထရီ တပ်ဆင်ထားပြီး ဒီလ ၁၂ ရက်နေ့ ရောင်းမှာပါ။  6/128GB ကို ၂၁၀ ဒေါ်လာနဲ့ 8/128GB ကို ၂၂၅ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၃၉၀,၀၀၀ နဲ့ ၄၂၀,၀၀၀ ဝန်းကျင် အသီးသီး ကျသင့်မှာပါ။

Ref : gsmarena