realme ဟာ ပြီးခဲ့တဲ့ လက 9i ကို ကြေညာခဲ့ပြီး ဒီလ ၁၅ ရက်နေ့မှာ 9 Pro နဲ့ 9 Pro+ တို့ကို ချပြတော့မယ်လို့ထင်ပါတယ်။ realme က အဲဒီဖုန်းတွေရဲ့ အသေးစိတ် Specs တွေနဲ့ ကြေညာမယ့်နေ့ကို မပြောသေးပေမယ့် realme ရဲ့ ဒုတိယဥက္ကဌနဲ့ realme International Business Group ရဲ့ ဥက္ကဌ Madhav Sheth က 9 Pro+ ရဲ့ စိတ်ဝင်စားစရာ သတင်းအချက်အလက်တချို့ကို တွစ်တာမှာ အသိပေးလိုက်ပါတယ်။

သူက realme 9 Pro+ ဟာ နှလုံးခုန်နှုန်းတိုင်းတာတဲ့ လုပ်ဆောင်ချက် ပါတဲ့ ကုမ္ပဏီရဲ့ ပထမဆုံး စမတ်ဖုန်းဖြစ်လာမယ်လို့ အတည်ပြုလိုက်ပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာကနေ နှလုံးခုန်နှုန်းကို တိုင်းတာတဲ့ ဗီဒီယို  ၁ ခုကိုလည်း သူက မျှဝေထားပါတယ်။ ဒါပေမယ့် realme က အဲဒီ ဒေတာတွေကို ဆေးကုသဖို့အတွက် မသုံးဖို့ အကြံပေးထားပါတယ်။

Realme 9 Pro+ variants, price for India leak - Gizmochina

မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ ပါလာမယ့်အတွက် AMOLED မျက်နှာပြင်ကို သုံးထားမှာ သေချာသွားပါပြီ။ Sheth မျှဝေထားတဲ့ ဗီဒီယိုအရ မျက်နှာပြင် ဘယ်ဘက်အထက်က Punch Hole မှာ ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။

realme က 9 Pro+ မှာ Dimensity 920 SoC မောင်းနှင်ထားမယ်လို့ အရင်က အတည်ပြုထားပြီး ဥရောပမှာ အဲဒီ Chip ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်လာမှာပါ။ လာမယ့် ရက်တွေအတွင်းမှာ realme က 9 Pro နဲ့ 9 Pro+ ရဲ့ သတင်းအချက်အလက်တွေကို ပိုပြီး မျှဝေနိုင်ပါတယ်။

Ref : gsmarena