realme က 9 Series မှာ ပထမဆုံး အကြိမ် အနေနဲ့ SE မော်ဒယ်ကို မိတ်ဆက်လိုက်ပြီး SE ဟာ Speed Edition လို့ ကုမ္ပဏီက အတည်ပြုလိုက်ပါတယ်။ realme 9 SE 5G မှာ Starlight Texture Design Language အသစ်ကို သုံးထားတဲ့အတွက် ဒီဇိုင်း ထူးခြားပါတယ်။ ၆.၆ လက်မ Full HD+ IPS မျက်နှာပြင် သုံးထားပြီး DCI-P3 Color Gamut နဲ့ 600nits Brightness ထောက်ပံ့ပါတယ်။ Screen-to-body Ratio က ၉၀.၈ ရာခိုင်နှုန်းနဲ့ Adaptive Refresh Rate က 144Hz ဖြစ်ပါတယ်။

Realme 9 Speed Edition (SE) 5G

Snapdragon 778G Processor မောင်းနှင်ထားပြီး AI စွမ်းဆောင်ရည် ကောင်းစေတဲ့ Qualcomm AI Engine နဲ့ Latency ပိုနည်းစေဖို့ Variable-rate Shading ပါတဲ့ Snapdragon Elite Gaming ထည့်သွင်းထားပါတယ်။ Android 12 အခြေပြု realme UI 3.0 မောင်းနှင်ထားပြီး 30W Dart Fast Charging နည်းပညာ ပါတဲ့ 5,000mAh ဘက်ထရီ တပ်ဆင်ထားပါတယ်။

Realme 9 Speed Edition (SE) 5G Starry Glow

ကင်မရာအကြောင်းပြောရရင် အနောက်ဘက်မှာ 48MP Main , 20MP Depth , 2MP Macro ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 16MP ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။

realme 9 SE 5G အတွက် Starry Glow နဲ့ Azure Glow ၂ ရောင် ထုတ်လုပ်ထားပါတယ်။ 6/128GB မော်ဒယ်ကို ၁၉,၉၉၉ ရူပီးနဲ့ 8/128GB မော်ဒယ်ကို ၂၂,၉၉၉ ရူပီး သတ်မှတ်ထားပြီး ၄၆၀,၀၀၀ ကျပ်နဲ့ ၅၃၀,၀၀၀ ကျပ် ဝန်းကျင် အသီးသီး ကျသင့်မှာပါ။ ဒီလ ၁၄ ရက်နေ့ အိန္ဒိယမှာ realme.com, Flipkart နဲ့ မြေပြင်စတိုးတွေကနေ ရောင်းမှာပါ။

Ref : gizmochina