realme က 9i 5G ကို ကြေညာလိုက်ပြီး Dimensity 810 Chipset ၊ အရွယ်ကြီး ဘက်ထရီနဲ့ လှပတဲ့ ဒီဇိုင်းတွေ ပါလာပါတယ်။ ၆.၆ လက်မ LCD 1080p မျက်နှာပြင် ထည့်သွင်းထားပြီး 90Hz Refresh Rate ထောက်ပံ့ထားပါတယ်။ ဘေးဘက်က ပါဝါခလုတ်အောက်မှာ လက်ဗွေရာ ကိရိယာမြှပ်နှံထားပါတယ်။

Realme 9i 5G is finally official with an attractively low price

အနောက်ဘက်မှာ 50MP Main , 2MP Portrait , 2MP Macro ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 8MP ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။ 5,000mAh ဘက်ထရီ ထည့်သွင်းထားပြီး 18W Fast Charging နဲ့ USB-C Port ပါလာပါတယ်။ အောက်ခြေမှာ နားကြပ်ပေါက် တပ်ဆင်ထားပြီး Android 12 အခြေပြု realme UI 3.0 မောင်းနှင်ထားပါတယ်။

Realme 9i 5G is finally official, costs under $200 - GSMArena.com news

Dual 5G Standby ထောက်ပံ့ထားပြီး 2TB အထိ ဝင်ဆန့်တဲ့ micro SD Card စိုက်နိုင်ပါတယ်။ ကုမ္ပဏီက အပါးလွှာဆုံး 5G စမတ်ဖုန်းလို့ ကြေညာထားပြီး အထူက ၈.၁ မီလီမီတာ အထူနဲ့ ၁၈၇ ဂရမ် အလေးချိန် ရှိပါတယ်။ Soulful Blue , Rocking Black နဲ့ Metallica Gold ၃ ရောင် ထုတ်လုပ်ထားပါတယ်။

Realme 9i 5G အတွက် 4/64GB နဲ့ 6/128GB Memory Configuration ၂ မျိုး ထုတ်လုပ်ထားပြီး ၁၈၈ ဒေါ်လာနဲ့ ၂၁၅ ဒေါ်လာ အသီးသီး သတ်မှတ်ထားပါတယ်။ ဒီလ ၂၄ ရက်နေ့ realme.com မှာ ကြိုတင်မှာယူနိုင်ပါတယ်။

Ref : gsmarena