REALHOPE အစီအစဉ်ဖြစ်တဲ့ လစဉ်လတိုင်း အလှူရေစက်လက်နဲ့မကွာ လှူဒါန်းနေတဲ့ realme က realme Brand Ambassador သရုပ်ဆောင် ဝတ်မှုံရွှေရည်နှင့်အတူ သြဂုတ်လ ၁၀ ရက်နေ့မှာ မြောက်ဥက္ကလာ အထွေထွေဆေးရုံကြီးတွင် မွေးနေ့အထိမ်းအမှတ် အလှူအတန်းများ ပြုလုပ်ခဲ့ပါတယ်။

သြဂုတ်လ ၂၈ ရက်နေ့မှာ ၆ နှစ်ပြည့်မှတ်တိုင်စိုက်ထူမဲ့ realme က မြောက်ဥက္ကလာ အထွေထွေဆေးရုံကြီးအတွက် အလှူငွေ ၂,၀၀၀,၀၀၀ ကျပ် (သိန်းနှစ်ဆယ်ကျပ် တိတိ) နှင့် realme Brand Ambassador သရုပ်ဆောင် ဝတ်မှုံရွှေရည်မှ လိုအပ်သည်များ အသုံးပြုနိုင်ရန် မီးယပ်နှင့်သားဖွားလူနာ တစ်ဦးချင်းစီအတွက် အလှူငွေများ ပေးအပ်ခဲ့ပါတယ်။

အလှူခံပုဂ္ဂိုလ်များရဲ့ ကြည်နူးဝမ်းသာ အပြုံးများဖြင့် ဝေဆာလှပခဲ့တဲ့ သြဂုတ်လ မွေးလချင်းထပ်တူကျသည့် realme နှင့် ဝတ်မှုံရွှေရည်ရဲ့ စိတ်တူကိုယ်တူ မွေးနေ့အလှူ ဖြစ်ခဲ့ပါတယ်။

Media release: realme