Unicode
Realme ကနေ ကုမ္ပဏီရဲ့ ပထမဆုံး True Wireless Earbuds ဖြစ်လာမယ့် Realme Buds Air ကို လာမယ့် ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက အဆိုပါ Realme Buds Air နဲ့ သက်ဆိုင်တဲ့ Feature တွေနဲ့ စျေးနှုန်းတွေပေါက်ကြားခဲ့ပြီး အခုအချိန်မှာလည်း Realme Buds Air ရဲ့ အဓိက Feature တစ်ခုကို သိရှိရပြီဖြစ်ပါတယ်။
ဒါကတော့ Realme Buds Air ရဲ့ Charging Case ဟာ USB-C Charging အပြင် Wireless Charging ကိုပါ Support ပြုလုပ်လာမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ Apple AirPods 2 ၊ AirPods Pro ၊ Samsung Galaxy Buds နဲ့ Huawei FreeBuds 3 တွေက Wireless Charging ကို Support ပေးတယ်ဆိုပေမယ့် စျေးနှုန်းအရ Realme Buds Air ဟာ မြန်မာငွေ ၁ သိန်းဝန်းကျင်ပဲ ကျသင့်မှာဖြစ်တဲ့အတွက် Wireless Charging ပါဝင်တဲ့ စျေးအသက်သာဆုံး EarBuds ဖြစ်လာနိုင်ပါတယ်။
What makes #realmeBudsAir truly disruptive?
Wireless Charging! Yes, you can charge with ease and convenience using any Qi-standard wireless charger.Isn't it amazing guys!
Get ready for the launch at 12:30PM on 17th Dec.
RT if excited. #TrueWirelessRealSeamless pic.twitter.com/0gY1AVDSTN— Madhav 'Super50w' (@MadhavSheth1) December 12, 2019
အခု Realme Buds Air Earbuds တွေဟာ Design အနေနဲ့တော့ Apple AirPods နဲ့ တူညီမှာဖြစ်သလို အရောင်တွေအနေနဲ့ အဖြူရောင်အပြင် အနက်ရောင်နဲ့ အဝါရောင်ကိုပါ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ 12mm Driver ကို အသုံးပြုလာမှာဖြစ်တဲ့အပြင် Bass ပိုင်းကိုပါ အလေးပေးထားတဲ့အတွက် သီချင်းနားထောင်ရတာကြိုက်နှစ်သက်သူတွေစိတ်ကြိုက်ဖြစ်လာဦးမှာပါ။
ဘာပဲဖြစ်ဖြစ် လာမယ့် ၂၀၂၀ ခုနှစ်ထဲမှာ True Wireless Earbuds စျေးကွက်က အခုထက်ပိုပြီး ပြိုင်ဆိုင်မှုပြင်းထန်လာတော့မယ့် ပုံစံပါပဲ။
Ref – GSM Arena
Zawgyi
Realme ကေန ကုမၸဏီရဲ႕ ပထမဆုံး True Wireless Earbuds ျဖစ္လာမယ့္ Realme Buds Air ကို လာမယ့္ ဒီဇင္ဘာလ ၁၇ ရက္ေန႔မွာ တရားဝင္မိတ္ဆက္သြားေတာ့မွာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းက အဆိုပါ Realme Buds Air နဲ႔ သက္ဆိုင္တဲ့ Feature ေတြနဲ႔ ေစ်းႏႈန္းေတြေပါက္ၾကားခဲ့ၿပီး အခုအခ်ိန္မွာလည္း Realme Buds Air ရဲ႕ အဓိက Feature တစ္ခုကို သိရွိရၿပီျဖစ္ပါတယ္။
ဒါကေတာ့ Realme Buds Air ရဲ႕ Charging Case ဟာ USB-C Charging အျပင္ Wireless Charging ကိုပါ Support ျပဳလုပ္လာမွာျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ Apple AirPods 2 ၊ AirPods Pro ၊ Samsung Galaxy Buds နဲ႔ Huawei FreeBuds 3 ေတြက Wireless Charging ကို Support ေပးတယ္ဆိုေပမယ့္ ေစ်းႏႈန္းအရ Realme Buds Air ဟာ ျမန္မာေငြ ၁ သိန္းဝန္းက်င္ပဲ က်သင့္မွာျဖစ္တဲ့အတြက္ Wireless Charging ပါဝင္တဲ့ ေစ်းအသက္သာဆုံး EarBuds ျဖစ္လာႏိုင္ပါတယ္။
What makes #realmeBudsAir truly disruptive?
Wireless Charging! Yes, you can charge with ease and convenience using any Qi-standard wireless charger.Isn't it amazing guys!
Get ready for the launch at 12:30PM on 17th Dec.
RT if excited. #TrueWirelessRealSeamless pic.twitter.com/0gY1AVDSTN— Madhav 'Super50w' (@MadhavSheth1) December 12, 2019
အခု Realme Buds Air Earbuds ေတြဟာ Design အေနနဲ႔ေတာ့ Apple AirPods နဲ႔ တူညီမွာျဖစ္သလို အေရာင္ေတြအေနနဲ႔ အျဖဴေရာင္အျပင္ အနက္ေရာင္နဲ႔ အဝါေရာင္ကိုပါ ေ႐ြးခ်ယ္ႏိုင္မွာျဖစ္ပါတယ္။ 12mm Driver ကို အသုံးျပဳလာမွာျဖစ္တဲ့အျပင္ Bass ပိုင္းကိုပါ အေလးေပးထားတဲ့အတြက္ သီခ်င္းနားေထာင္ရတာႀကိဳက္ႏွစ္သက္သူေတြစိတ္ႀကိဳက္ျဖစ္လာဦးမွာပါ။
ဘာပဲျဖစ္ျဖစ္ လာမယ့္ ၂၀၂၀ ခုႏွစ္ထဲမွာ True Wireless Earbuds ေစ်းကြက္က အခုထက္ပိုၿပီး ၿပိဳင္ဆိုင္မႈျပင္းထန္လာေတာ့မယ့္ ပုံစံပါပဲ။
Ref – GSM Arena