ပြီးခဲ့တဲ့ လက realme C20 ကို ထိုင်းက NBTC မှာ မှတ်ပုံတင်ခဲ့ပြီး အခုတော့ ဗီယက်နမ် စတိုး FT Shop ကနေ တရားဝင် ဓါတ်ပုံနဲ့ Specs တွေ ပေါက်ကြားထွက်ပေါ်လာပါတယ်။ အဲဒီ စမတ်ဖုန်းကို အာရှ နိုင်ငံတော်တော်များများမှာ မကြာခင် ရောင်းချတော့မယ်လို့ ထင်ပါတယ်။

Realme C12: Realme C12 and Realme C15 smartphones with 6000 mAh battery launched in India - Mobiles News | Gadgets Now

FT Shop က စာရင်းအရ realme C20 မှာ MediaTek Helio G35 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး realme C11, realme C12 , realme C15 တို့မှာလည်း MediaTek Chipset တွေကိုပဲ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ realme C20 မှာ ၆.၅ လက်မ IPS LCD မျက်နှာပြင် တပ်ဆင်ထားပြီး အရွယ်သေး Notch ပါလာနိုင်ပါတယ်။ HD+ Resolution (720×1600 pixels) ထောက်ပံ့ထားနိုင်ပါတယ်။

Realme C20 gets NBTC certification, coming anytime soon - Gizchina.com

အရှေ့ဘက်မှာ 5MP ဆဲလ်ဖီး ကင်မရာ ၁ လုံးကို realme C20 မှာ တပ်ဆင်ထားပြီး အနောက်ဘက်မှာ လေးထောင့်ပုံစံ ကင်မရာ အကွက် ထည့်သွင်းထားပါတယ်။ အဲဒီကင်မရာတွေထဲမှာ 8MP ပါလာမှာ ဖြစ်ပြီး LED Flash ၁ လုံး  တပ်ဆင်ထားမှာပါ။ Android 10 OS မောင်းနှင်ထားမှာပါ။

realme C20 မှာ 2GB RAM နဲ့ 32GB Storage ထည့်သွင်းထားပြီး 10W Charging ထောက်ပံ့တဲ့ 5,000mAh ဘက်ထရီ ပါလာမှာပါ။ အပြာနဲ့ အနက်ရောင် ထုတ်လုပ်ထားပြီး ဗီယက်နမ်မှာ ၁၁၇ ဒေါ်လာလောက်နဲ့ ရောင်းနိုင်ပါတယ်။ မြန်မာငွေ ၁ သိန်းခွဲလောက်ကျသင့်နိုင်ပါတယ်။

Ref : gizmochina