realme ဟာ ပြီးခဲ့တဲ့နှစ် မတ်လတုန်းက Budget စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ realme C25 စမတ်ဖုန်းကို တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ realme C25 စမတ်ဖုန်းဟာ Software ပိုင်းအနေနဲ့ Android 11 ကို အခြေခံထားတဲ့ realme UI 2.0 ကို အသုံးပြုပြီး မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

အခုအချိန်မှာ realme ကနေ မိတ်ဆက်ပြီး အချိန် ၁ နှစ်နီးပါးရှိနေတဲ့ realme C25 ဖုန်းကို Android 12 အခြေခံထားတဲ့ realme UI 3.0 Update ထုတ်ပေးလိုက်ပါပြီ။ ဒါပေမယ့် အခုထွက်ရှိလာတဲ့ Update ဟာ Early Access Beta Program ဖြစ်ပြီး Stable Version ကတော့ မထွက်ရှိသေးဘူးဖြစ်ပါတယ်။

ဒီလိုမျိုး Android 12 အခြေခံထားတဲ့ realme UI 3.0 Beta Update ကို အသုံးပြုချင်တယ်ဆိုရင်တော့ Settings > Software Update ကနေ တစ်ဆင့် Trial Version > Early Access > Apply Now ကို ရွေးချယ်ပြီး Apply ပြုလုပ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိအချိန်မှာ India Region မှာပဲရရှိနိုင်တာကြောင့် တခြား Region တွေမှာတော့ အသုံးပြုနိုင်ဦးမှာ မဟုတ်ပါဘူး။

ဒါ့အပြင် realme UI 3.0 Beta Update ပြုလုပ်ဖို့အတွက် Firmware Build Number RMX3193_11.A.25 သို့မဟုတ် RMX3193_11.A.26 ကို တင်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ယခု Update ဟာ Beta Version ဖြစ်တာကြောင့် Stable Version ကိုလည်း မကြာခင်အချိန်အတွင်းမှာ Download ပြုလုပ်နိုင်မယ်လို့ ယူဆရပါတယ်။

Ref – GSM Arena