realme က စမတ်ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ realme C33 လို့ အမည်ပေးထားပြီး ၆.၅ လက်မ မျက်နှာပြင် တပ်ဆင်ထားပါတယ်။ Notch မှာ 5MP ဆဲလ်ဖီး ကင်မရာ ပါလာပြီး မျက်နှာပြင်က 120Hz Touch Sampling Rate နဲ့ 400 nits Brightness ကို ထောက်ပံ့ထားပါတယ်။ realme က မျက်နှာပြင်ရဲ့ Resolution ကို မပြောသေးဘဲ ဖြစ်နိုင်တာက 720p ပါ။

Realme C33 unveiled, Watch 3 Pro and Buds Air 3S tag along

realme C33 ရဲ့ အနောက်ဘက် ကာဗာကို ကုမ္ပဏီက Boundless Sea Design လို့ သုံးနှုန်းပါတယ်။ LED Flash ၁ လုံးနဲ့ 50MP Main , Portrait ကင်မရာ ၂ လုံး ပါလာပါတယ်။

Unisoc T612 SoC မောင်းနှင်ထားပြီး 4GB RAM နဲ့ 128GB Storage ထည့်သွင်းထားပါတယ်။ 1TB microSD Card စိုက်နိုင်ပြီး Android 12 အခြေပြု realme UI S Edition မောင်းနှင်ထားပါတယ်။

နားကြပ်ပေါက်၊ ဘေးဘက်လက်ဗွေရာ ကိရိယာ ပါလာပြီး 10W Charging နဲ့ microUSB Port ထောက်ပံ့ထားတဲ့ 5,000mAh ဘက်ထရီ တပ်ဆင်ထားပါတယ်။ Sandy Gold, Aqua Blue, Night Sea အရောင်တွေ ထုတ်လုပ်ထားပြီး 3/32GB ကို ၁၁၂ ဒေါ်လာ၊ 4/64GB ကို ၁၂၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ဒီလ ၁၂ ရက်နေ့ စတင် ရောင်းချမှာပါ။ 4/128GB Version ရဲ့ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို ကုမ္ပဏီက မပြောသေးပါဘူး။

Ref : gsmarena