realme က အိန္ဒိယမှာ ပြီးခဲ့တဲ့ ရက်အနည်းငယ်က realme C53 ကို ကြေညာခဲ့ပြီး အခုတော့ ပိုဈေးချိုတဲ့ realme C51 ကို မကြာခင် ချပြတော့မယ်လို့ ထင်ပါတယ်။ realme C51 ရဲ့ Specs အပြည့်အစုံဟာ မိတ်ဆက်ပွဲ မတိုင်ခင် ထွက်ပေါ်လာပါတယ်။

Unisoc T612 Chipset ပါတဲ့အတွက် 4G Only ဖုန်း ဖြစ်မှာပါ။ 6.7” IPS LCD မျက်နှာပြင် တပ်ဆင်ထားပြီး 90Hz Refresh Rate ပါပါတယ်။ 4GB/64GB ထုတ်လုပ်ထားမှာ ဖြစ်ပြီး တခြား Memory Option တွေလည်း ထွက်လာနိုင်ပါတယ်။ 2TB microSD Card စိုက်နိုင်မှာပါ။

ကင်မရာ အကြောင်းပြောရရင် 50MP Main , 8MP Ultrawide , 5MP ကင်မရာ ၃ လုံးကို အနောက်ဘက်မှာ တပ်ဆင်ထားမှာပါ။ 5MP ဟာ Macro အတွက် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တိတိကျကျပြောလို့ မရသေးပါဘူး။

realme C51 မှာ 5,000mAh Battery နဲ့ 33W Fast Charging ပါလာမှာ ဖြစ်ပြီး Android 13 အခြေပြု ပေါ့ပါးတဲ့ realme UI T Software မောင်းနှင်ထားမှာ ဖြစ်ပါတယ်။ Mint Green နဲ့ Carbon Black အရောင်တွေ ထုတ်လုပ်ထားမယ်လို့ သတင်းထွက်လာပါတယ်။

Ref : gsmarena