realme က C51 စမတ်ဖုန်းကို ထိုင်ဝမ်နဲ့ အင်ဒိုနီးရှားမှာ မကြာခင်က ရောင်းချပေးထားပြီး အခုတော့ အိန္ဒိယကို ရောက်လာတော့မှာပါ။ realme Twitter အကောင့်မှာ အဲဒီ စမတ်ဖုန်းရဲ့ Teaser တွေကို မျှဝေထားပြီး realme Webiste မှာ အဲဒီဖုန်းရဲ့ Landing Page ကို လွှင့်တင်ထားပါတယ်။

Realme

Teaser ဓါတ်ပုံမှာ ဖုန်း ဒီဇိုင်းကို ပြသထားပြီး Dynamic Island အခြေပြု Notification လုပ်ဆောင်ချက် ပါလာပါတယ်။ အိန္ဒိယမှာ တရားဝင် ရောင်းချမယ့်နေ့ကို မသိရသေးပေမယ့် နိုင်ငံတကာ မော်ဒယ်နဲ့ Specs တွေ တူညီနိုင်ပါတယ်။

Realme C51 Specifications Listed on Company's Africa Website: All Details |  Technology News

realme C51 မှာ 6.7” HD+ မျက်နှာပြင် တပ်ဆင်ထားပြီး 90Hz Refresh Rate ထောက်ပံ့ထားပါတယ်။ 560 Nits Brightness ပါလာပြီး 180Hz Touch Sampling Rate ထည့်ထားပါတယ်။

UNISOC T612 Chip မောင်းနှင်ထားပြီး 4GB RAM , 64GB Storage ပါပါတယ်။ 2TB microSD Card စိုက်နိုင်ပါတယ်။

C51 မှာ 50MP AI Dual ကင်မရာကို အနောက်ဘက်မှာ တပ်ဆင်ထားပြီး အရှေ့ဘက်မှာ 5MP AI ကင်မရာ ပါပါတယ်။ 5,000mAh Battery ပါလာပြီး 33W Charging ထောက်ပံ့ထားပါတယ်။ ဘေးဘက်မှာ လက်ဗွေရာ ကိရိယာ တပ်ထားပြီး Android 13 မောင်းနှင်ထားပါတယ်။

Ref : gizmochina