ထိုင်ဝမ်မှာ realme C51 ကို ကြေညာလိုက်ပြီး ကုမ္ပဏီရဲ့ နောက်ဆုံးထုတ် တန်ဖိုးနည်း စမတ်ဖုန်း ဖြစ်ပါတယ်။ တန်ဖိုးနည်းပေမယ့် ကောင်းမွန်တဲ့ Specs တချို့ပါလာပါတယ်။

Realme

realme C51 မှာ 6.7” IPS LCD HD+ မျက်နှာပြင် တပ်ဆင်ထားပြီး 90Hz Refresh Rate ထောက်ပံ့ထားပါတယ်။ 180Hz Touch Sampling Rate နဲ့ 560 nits Peak Brightness ပါလာပါတယ်။ Unisoc T612 SoC မောင်းနှင်ထားပြီး အိန္ဒိယမှာ မကြာခင်က ကြေညာခဲ့တဲ့ realme C53 မှာလည်း အဲဒီ Chipset ပဲ ထည့်သွင်းထားတာပါ။ C51 နဲ့ C53 ဟာ ဒီဇိုင်းနဲ့ Specs တွေ တော်တော် တူညီကြပါတယ်။ အနောက်ဘက် ဒီဇိုင်းက တူညီပြီး အနောက် ကင်မရာ ၂ လုံး တပ်ဆင်ထားပါတယ်။

Realme C51 Revealed in Taiwan With a UNISOC T612 Chipset

realme C51 မှာ 50MP Main ကင်မရာ ပါလာပြီး C53 ရဲ့ 108MP ကင်မရာနဲ့ ကွဲပြားပါတယ်။ C51 ရဲ့ အရှေ့ဘက်မှာ 8MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။ 2TB micro SD Card စိုက်နိုင်ပြီး 33W SuperVOOC Fast Charging ထောက်ပံ့တဲ့ အရွယ်ကြီး 5,000mAh Battery ပါပါတယ်။ ဘေးဘက်လက်ဗွေရာ ကိရိယာ၊ နားကြပ်ပေါက်နဲ့ Android 13 ထည့်သွင်းထားပြီး အထူက ၇.၉၉ မီလီမီတာနဲ့ အလေးချိန်က ၁၈၆ ဂရမ် ရှိပါတယ်။

Mint Green နဲ့ Carbon Black ၂ ရောင် ထုတ်လုပ်ထားပြီး 4GB+64GB Version ၁ မျိုးထဲ ထုတ်လုပ်ထားကာ ထိုင်ဝမ် ဒေါ်လာ ၃,၉၉၀ သတ်မှတ်ထားပါတယ်။ အမေရိကန် ဒေါ်လာနဲ့ဆိုရင် ၁၂၇ လောက်ရှိတဲ့အတွက် မြန်မာငွေ ၄ သိန်းနီးပါး ဖြစ်ပါတယ်။

Ref: gizmochina