realme က C63 ကို အင်ဒိုနီးရှားမှာ ကြေညာလိုက်ပြီး Unisoc T612 SoC ၊ Android 14 ၊ 6GB RAM နဲ့ 256GB Storage ပါလာပါတယ်။

Realme C63 unveiled with a 50MP camera, 5,000 mAh battery, and 45W charging

realme C63 မှာ 6.74” HD+ 90Hz LCD Display တပ်ဆင်ထားပြီး Notch မှာ 8MP ဆဲလ်ဖီး ကင်မရာ ပါလာပါတယ်။ Display မှာ 560 Nits Peak Brightness ထောက်ပံ့ထားပြီး ကြည့်ရှုလို့ကောင်းစေတဲ့ AI Dual-light Sensor ထည့်သွင်းထားပါတယ်။

Realme C63 unveiled with a 50MP camera, 5,000 mAh battery, and 45W charging

ဖုန်းရဲ့ အနောက်ဘက်ဟာ iPhone Pro/Pro Max နဲ့ ဆင်တူပြီး စတုရန်းပုံ ကင်မရာ Island ထဲမှာ ကင်မရာ ၂ လုံးနဲ့ Flash ၁ လုံး ထည့်သွင်းထားပါတယ်။ Main ကင်မရာက 50MP ဖြစ်ပါတယ်။ Leather Blue နဲ့ Jade Green ၂ ရောင် ထုတ်လုပ်ထားပြီး Leather Blue ရဲ့ အနောက်ဘက်ကို သားရေအတု ဒီဇိုင်း ပြုလုပ်ထားပါတယ်။ 45W Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါလာပါတယ်။

ဖုန်းမှာ IP54 Rating ၊ NFC ၊ Dynamic Button ၊ USB-C နဲ့ နားကြပ်ပေါက် ထည့်သွင်းထားပြီး ဘေးဘက်လက်ဗွေရာ ကိရိယာနဲ့ microSD Card Slot ပါပါတယ်။

realme C63 ရဲ့ 6GB/128GB နဲ့ 8GB/128GB ကို အင်ဒိုနီးရှားမှာ ၁၂၅ နဲ့ ၁၄၀ ဒေါ်လာ အသီးသီး သတ်မှတ်ထားပါတယ်။ ဒီလ ၅ ရက်နေ့ အင်ဒိုနီးရှားမှာ စတင် ရောင်းချမှာပါ။

Ref : gsmarena