လူငယ်တွေအကြိုက်ဆုံးစမတ်ဖုန်းအမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ realme က ဇွန်လ ၂၀ ရက်နေ့မှာတော့ အထူးခြားဆုံးဒီဇိုင်းနဲ့ realme C63 စမတ်ဖုန်းသစ်ကို စျေးနှုန်းနဲ့တကွ တရားဝင်မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။ realme C63 ဟာ entry-level စမတ်ဖုန်းတစ်လုံးဖြစ်ပေမယ့် ထူးခြားတဲ့ Vegan Leather နဲ့ ထုတ်လုပ်ပေးထားတာဖြစ်ပြီး အထူးသဖြင့် Leather Blue အရောင်မှာ Premium ထုတ်ကုန်တွေမှာ အဓိက အသုံးပြုတဲ့ လယ်သာအသားရဲ့အရသာကို ထိတွေ့ခံစားရမှာြဖစ်ပါတယ်။ အထူးသဖြင့် လိုက်ချီးသီးရဲ့အပြင်အခွံအသွင်းပုံစံမျိုးအဖြစ် အခုလို C63 ရဲ့နောက်ကျော်ဘက်ကို Vegan Leather နဲ့ပေါင်းစပ်ကာ ဖန်တီးပေးထားတာဖြစ်ပါတယ်။ realme C Series ထုတ်ကုန်မှာ အခုလို လယ်သာနဲ့ဖုန်းကိုပထမဆုံးအဖြစ် ဖန်တီးပေးလိုက်ရုံသာမကဘဲ အခုလိုစျေးတန်မျိုးမှာ လယ်သာ ဒီဇိုင်းပါဝင်တဲ့ ပထမဆုံးဖုန်းအဖြစ်ပါ ရပ်တည်ထားတာဖြစ်ပါတယ်။ စမတ်ဖုန်းတစ်လုံးဝယ်ယူရာမှာ ဒီဇိုင်းပိုင်းဟာ ပထမဆုံးဆွဲဆောင်မှုရှိတဲ့အရာတစ်ခုဆိုတဲ့အတိုင်း realme ရဲ့ ထုတ်ကုန်တွေမှာ ပိုမိုကောင်းမွန်တဲ့ဒီဇိုင်းဖန်တီးထည့်သွင်းမှုတွေကို လူငယ်တွေအကြိုက်နဲ့လိုက်ဖက်အောင် လုပ်ဆောင်ပေးနေတာပဲဖြစ်ပါတယ်။

နောက်ထပ်အရောင်တစ်မျိုးဖြစ်တဲ့ Jade Green လို စိမ်းဖန့်ဖန့်အရောင်မှာဆိုရင်လည်း Vegan Leather လို Texture အသားမျိုးမဟုတ်ပေမယ့် လူငယ်တွေကြိုက်နှစ်သက်တဲ့ ရေလှိုင်ပုံစံဒီဇိုင်းမျိုးကို မတူညီတဲ့ရွေးချယ်စရာ ခေတ်ရေစီးကြောင်းအရောင်အဖြစ် ဖန်တီးထုတ်လုပ်ပေးလိုက်တာလည်းဖြစ်ပါတယ်။ realme C63 ရဲ့နောက်ကျောဘက် ကင်မရာ Module တစ်ခုလုံးအတွက်လည်း သတ္တုနဲ့ဖန်တီးပေါင်းစပ်ထားလို့ အသွင်းလှပရုံသာမကဘဲ မာကျောအကြမ်းခံမှုအပိုင်းမှာပါ မြင့်မားစေဦးမှာဖြစ်ပါတယ်။

realme C63 မှာ Dynamic RAM Expansion ထောက်ပံ့မှုစနစ်ပါဝင်ထားလို့ RAM ၂ဆတိုးကာအသုံးပြုနိုင်မှာြဖစ်ပြီး version ၂မျိုးနဲ့ရောင်းချပေးသွားမှာဖြစ်ပါတယ်။ 16GB RAM (8+8) + 128GB ROM အတွက် ၆၉၉,၉၀၀ ကျပ်နဲ့ 16GB RAM (8+8) + 256GB ROM အတွက် ၇၆၉,၉၀၀ ကျပ် အသီးသီးကျသင့်မှာဖြစ်ပါတယ်။ realme C63 မှာ သုံးစွဲသူတွေပိုမိုတောင်းဆိုကြတဲ့အမြန်အား သွင်းစနစ်အတွက် 45W Fast Charge စနစ်နဲ့အတူ 5000mAh ဘက်ထရီကိုထည့်သွင်းပေးထားတာဖြစ်ပြီး ၁မိနစ်အားသွင်းလိုက်ရုံနဲ့ ၁နာရီကြာဖုန်းခေါ်ဆိုမှုပြုလုပ်နိုင်မှာဖြစ်ပါတယ်။ အားသွင်းစနစ်ဘေးကင်းလုံခြုံမှုအပိုင်းမှာ TUV Rheinland ရဲ့ အာမခံချက်ရရှိထားတာဖြစ်လို့ စိတ်ချစွာနဲ့အားသွင်းနိုင်စေဦးမှာဖြစ်ပါတယ်။

realme C63 မှာ Optimization ပိုမိုမြှင့်တင်ထားတဲ့ Unisoc T612 octa-core chip နဲ့ AI Boost စနစ်တို့ကိုအသုံးပြုပေးထားလို့ စွမ်းဆောင်ရည်အပိုင်းနဲ့ ထိရောက်ချွေတာမှုအပိုင်းမှာ ပိုမိုကောင်းမွန်လာစေမှာဖြစ်ပါတယ်။ ၄၈လကြာ ဖုန်းသုံးစွဲမှုညက်ညောချောမွေ့စေမယ့် အာမခံချက်ကိုပါ TUV ကနေတစ်ဆင့် ရယူပေးထားပါတယ်။

realme C63 မှာ 50MP ပင်မကင်မရာနဲ့ Auxiliary Lens တို့ကိုတပ်ဆင်ပေးထားပြီး ရှေ့ဘက် Selfie ကင်မရာအတွက် 8MP ကိုသုံးပေးထားပါတယ်။

realme C63 ဟာ Entry-level စမတ်ဖုန်းတစ်လုံးဖြစ်ပေမယ့် သူ့နောင်တော် realme C65 မှာပထမဆုံးထည့်သွင်းပေးလိုက်တဲ့ Flagship-level AI အတွေ့အကြုံတွေကို ရရှိအသုံးပြုနိုင်စေဦးမှာဖြစ်ပါတယ်။ သူ့မှာပါတင်တဲ့ AI feature တွေဟာ realme Number Series နဲ့ realme GT Series တို့မှာအရင်ကထည့်သွင်းပေးခဲ့တာြဖစ်ပြီး သုံးစွဲသူတွေရဲ့နေ့စဥ်ဘဝလိုအပ်ချက်တွေထဲမှာ ဖုန်းကိုစမတ်ကျစွာသုံးနိုင်စေဖို့အတွက် အခုလို Flagship-level feature တွေကိုထည့်သွင်းပေးလိုက်တာပဲဖြစ်ပါတယ်။ Air Gestures၊ Rainwater Smart Touch တို့ရဲ့အားသာချက်တွေကို realme C63 မှာပိုမိုခံစားရစေမှာြဖစ်ပါတယ်။ ဒါ့အပြင် သုံးစွဲသူတွေအကြိုက်တွေ့ခဲ့တဲ့ Mini Capsule 2.0 နဲ့အတူ ဖုန်းပြောဆိုရာမှာအသံကြည်လင် ပြတ်သားမှုရှိစေမယ့် AI Call Noise Reduction စနစ်ကိုပါထည့်သွင်းပေးထားတာဖြစ်ပါတယ်။

realme C63 မှာ ၆.၇၅ လက်မအရွယ်အစားရှိ HD+ Display နဲ့အတူ 90Hz Refresh Rate ကိုပူးတွဲထည့်သွင်းပေးထားပြီး အလင်းအားပမာဏကို 560 nits အထိရရှိစေလို့ တော်ရုံနေရောင်အောက်မှာလည်း ဖုန်းကိုမြင်မြင်ထင်ထင်သုံးနိုင်စေမှာဖြစ်ပါတယ်။ ဖုန်းကိုယ်ထည်ကလည်း ၇.၇၄ မီလီမီတာအထူးသာရှိလို့ ပါးလွှာပေ့ါပါးမှုကို ခံစားရစေပါလိမ့်မယ်။ အခုလို မိုးတွင်းကာလမျိုးမှာ ပိုပြီးအသုံးဝင်စေမယ့် IP54 Rating ကိုပါရယူပေးထားလို့ တော်ရုံရေစင်ဒဏ်တို့၊ ဖုန်ဝင်ဒဏ်တို့ကိုပါ ကာကွယ်ပေးနိုင်စေဦးမှာဖြစ်ပါတယ်။ Fingerprint စနစ်ကိုဘေးဘက် Power Button မှာထည့်သွင်းပေးထားသလို အခြားသော ကင်မရာဖွင့်တာ၊ App တစ်ခုခုဖွင့်တာနဲ့ အသံအတိုးအချဲ့တို့လို Quick Action တွေအတွက် Dynamic Button အဖြစ်ပါ ဒီ Power Button ကိုလိုအပ်သလို ပြောင်းလဲအသုံးပြုနိုင်စေလို့ ပိုမိုစမတ်ကျတဲ့ဖုန်းသုံးစွဲမှုအတွေ့အကြုံကိုပါ ရရှိစေမှာဖြစ်ပါတယ်။

realme C63 ကို အခုဇွန်လမကုန်ခင်မှာ စတင်ရောင်းချပေးမှာြဖစ်ပြီး ကြိုတင်မှာယူသူတွေအနေနဲ့ Pre-order လက်ဆောင်နဲ့အတူ MPT Data Package တွေကိုပါ ရရှိခံစားနိုင်မှာဖြစ်ပါတယ်။

Media release: realme