realme က C75 4G ကို ဒီဇင်ဘာလက ကြေညာခဲ့ပြီး အခုတော့ 5G Version ကို မိတ်ဆက်လိုက်ပါတယ်။ အိန္ဒိယမှာ ကြေညာလိုက်တာ ဖြစ်ပြီး ဈေးနှုန်းက ၁၂,၉၉၉ ရူပီး (၁၅၃ ဒေါ်လာ) ကနေ စတင်ပါတယ်။ realme ရဲ့ တရားဝင်အွန်လိုင်း စတိုးကနေ ဝယ်ယူနိုင်ပါပြီ။

Realme C75 5G launches with Dimensity 6300 SoC, low price - GSMArena.com news

အဲဒီဖုန်းမှာ 4GB RAM နဲ့ 128GB Storage ထည့်သွင်းထားပြီး 6GB RAM Version ကို ၁၆၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။ 6.67” 720x1604p LCD Display တပ်ထားပြီး 120Hz Refresh Rate, 625 Nits Peak Brightness နဲ့ MediaTek Dimensity 6300 Chipset ပါပါတယ်။

Realme C75 5G launches with Dimensity 6300 SoC, low price

C75 5G မှာ 32MP ကင်မရာကို အနောက်ဘက်မှာ တပ်ထားပြီး ဘေးဘက်လက်ဗွေရာ ကိရိယာ ပါပါတယ်။ ကြီးမားတဲ့ 6,000mAh Battery နဲ့ 45W Wired Charging ထည့်သွင်းထားပါတယ်။ IP64 ရေစိုခံစံနှုန်း နဲ့ MIL-STD-810H အကြမ်းခံစံနှုန်း ပါလာပါတယ်။

အရွယ်အစား အပြည့်အစုံက 165.7 x 76.22 x 7.94 mm ဖြစ်ပြီး အလေးချိန်က ၁၉၀ ဂရမ် ဖြစ်ပါတယ်။ Android 15 အခြေပြု realme UI 6.0 ထည့်ထားပြီး Lily White, Purple Blossom နဲ့ Midnight Lily အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Ref: Gsmarena