realme GT 3 ကို နိုင်ငံတကာအတွက် ဒီလ ၂၈ ရက်နေ့မှာ ကြေညာမှာ ဖြစ်ပြီး ပေါက်ကြားသတင်းတွေအရ ဒီလ အစောပိုင်း တရုတ်မှာ ကြေညာခဲ့တဲ့ realme GT Neo 5 240W ကို နာမည်ပြောင်းထားတာလို့ သိရပါတယ်။ အခုတော့ realme China ရဲ့ ဥက္ကဌ Xu Qi က realme GT 3 ကို တရုတ်မှာလည်း ရောင်းချမှာ ဖြစ်ပြီး နိုင်ငံတကာ မော်ဒယ်နဲ့ ကွဲပြားမယ်လို့ ဝီဘိုမှာ ပြောပါတယ်။

Realme GT 3 for China

Xu Qi က တရုတ်အတွက် စွမ်းရည်မြင့် GT 3 ကို ကုမ္ပဏီက ဖန်တီးနေပြီး ၂၀၂၃ ခုနှစ်ကုန်မှာ ကြေညာမယ်လို့ ပြောပါတယ်။ သူက ဖုန်းရဲ့ Specs တွေကိုတော့ မပြောပါဘူး။

Realme GT 3 with 240W charging confirmed

realme GT 3 ကို ဒီနှစ်ကုန်မှာ ကြေညာမှာ ဖြစ်တဲ့အတွက် Snapdragon 8 Gen 3 အသစ် ပါလာနိုင်ပါတယ်။ အဲဒီ Chipset ကို ၂၀၂၃ ခုနှစ် ကွာတား ၄ ဖြစ်တဲ့ အောက်တိုဘာလ ကနေ ဒီဇင်ဘာလအတွင်း ကြေညာနိုင်ပါတယ်။ အဲဒီ Chipset ကို ဒီလ အစောပိုင်းက Geekbench 5 မှာ တွေ့ခဲ့ရပြီး Single Core မှာ ၁၉၃၀ မှတ်နဲ့ Multi Core မှာ ၆၂၃၆ မှတ်ရထားပါတယ်။

realme ဟာ တရုတ်အတွက် realme GT Neo 5 ရဲ့ စွမ်းရည်နိမ့် မော်ဒယ်ကို ဖန်တီးနေတယ်လို့ သတင်းထွက်နေပါတယ်။ အဲဒီဖုန်းကို realme GT Neo 5 SE အနေနဲ့ နိုင်ငံတကာမှာ ကြေညာမှာ ဖြစ်ပြီး AnTuTu Benchmark မှာ ၁,၀၂၉,၇၃၁ မှတ်ရထားပါတယ်။ SE Version မှာ Snapdragon 7 Plus Gen 1 Chipset ပါလာနိုင်ပြီး တခြား Specs တွေကို မသိရသေးပါဘူး။

Ref : gizmochina