realme ဟာ နောက်မျိုးဆက် GT စမတ်ဖုန်းကို ကြေညာဖို့ ပြင်ဆင်နေပြီး ဒီလ ၂၈ ရက် တရုတ်မှာ မိတ်ဆက်မှာပါ။ မိတ်ဆက်ဖို့ နီးကပ်လာတာနဲ့အမျှ realme GT 5 ရဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ အဲဒီဖုန်းမှာ 240W Charging ပါလာမှာ ဖြစ်ပြီး အချိန်ခဏလေးနဲ့ ဘက်ထရီကို အားသွင်းပေးနိုင်မှာပါ။

Realme GT 5 240W charging

realme China ရဲ့ မားကတ်တင်း ဒါရိုက်တာ chuchu_jessie က ဝီဘိုမှာ “ နောက်ဆုံးထုတ် စွမ်းရည်မြင့် ဖုန်းမှာ 240W Fast Charging ပါလာမှာပါ။ 240W Charging ရဲ့ ကုန်ကျစားရိတ်ဟာ အလွန်များပြားပေမယ့် User တွေ လိုအပ်တဲ့အတွက် စမတ်ဖုန်းတွေမှာ ထည့်သွင်းပေးမှာပါ။” လို့ ရေးသားထားပါတယ်။

သူက အဲဒီဖုန်းမှာ ဘက်ထရီ သက်တမ်း ကြာမြင့်စေတဲ့ SuperVOOC S Charging နည်းပညာပါလာမှာဖြစ်ပြီး စက္ကန့် ၃၀ အားသွင်းတာနဲ့ ၂ နာရီ ဖုန်းပြောနိုင်မယ်လို့ ပြောပါတယ်။ ဒါပေမယ့် သူက GT 5 ရဲ့ ဘက်ထရီ ပမာဏကို မပြောပါဘူး။ 240W Charging ဟာ 4,500mAh Battery ကို ၉ မိနစ်ထဲနဲ့ အားသွင်းပေးနိုင်တယ်လို့ အရင်က သတင်းထွက်ခဲ့ပါတယ်။

Realme GT Neo 5 debuts with 150W and 240W charging versions - GSMArena.com news

ပေါက်ကြားသတင်းတွေအရ realme GT 5 အတွက် 4,600mAh (240W Charging) နဲ့ 5,200mAh (150W Charging) မော်ဒယ် ၂ မျိုး ထုတ်လုပ်ထားမှာပါ။ Snapdragon 8 Gen 2 Chip နဲ့ 24GB LPDDR5x RAM ပါလာနိုင်ပါတယ်။ 128GB ကနေ စတင်ကာ 1TB အထိ  Storage Option များစွာ ထုတ်လုပ်ပေးထားမှာပါ။ 6.74” OLED 1.5K မျက်နှာပြင်နဲ့ 144Hz Refresh Rate ထည့်သွင်းထားမှာပါ။

Ref : gizmochina