realme ကတော့ 240W အမြန်အားသွင်းစနစ်နဲ့ GT Neo 5 ကို တရားဝင်မိတ်ဆက်လိုက်ပါပြီ။ ကြိုတင်သတင်းထွက်ပြီးထားတဲ့အတိုင်းပဲ GT Neo 5 မှာ 150W charging နဲ့ အမျိုးအစားလည်း ရှိနေခဲ့ပါတယ်။ အမျိုးအစား နှစ်မျိုးစလုံးကတော့ တူညီတဲ့ ဒီဇိုင်းနဲ့ဖြစ်ပြီး နောက်ကျောမှာ မီးလင်းတဲ့ Glowing Rectangle ဒီဇိုင်းဖြစ်ပါတယ်။

realme GT Neo 5 ဟာ Snapdragon 8+ Gen 1 chipset ကို အသုံးပြုထားပါတယ်။ 240W ဗားရှင်းဟာ 16GB RAM နဲ့ဖြစ်ပြီး 256GB ဒါမှမဟုတ် 1TB storage ကို ရွေးချယ်နိုင်ပါတယ်။ GT Neo 5 150W ဗားရှင်းကတော့ 8GB, 12GB, ဒါမှမဟုတ် 16GB of RAM တွေကို ရွေးချယ်နိုင်ပြီး Storage ကတော့ 256GB တစ်မျိုးတည်း ရရှိမှာ ဖြစ်ပါတယ်။

ဖုန်းရဲ့မျက်နှာပြင်ဟာ 6.74” 10-bit AMOLED အမျိုးအစားဖြစ်ပြီး 144Hz refresh rate ကိုလည်း ထောက်ပံ့ပေးထားပါသေးတယ်။ 2772 x 1240 pixels resolution က 100% DCI-P3 coverage နဲ့ 1,500Hz touch sampling rate ကိုလည်း ရရှိစေဦးမှာ ဖြစ်ပါတယ်။

realme GT Neo 5 ရဲ့ 240W အမျိုးအစားဟာ 4,600mAh ဘက်ထရီ သာ တပ်ဆင်ထားတာဖြစ်ပြီး 20V/12A adapter ထည့်သွင်းပေးထားပါတယ်။ 150W အမျိုးအစားကတော့ 5,000mAh ဘက်ထရီ တပ်ဆင်ထားပြီး 20V/8A adapter ကို ဘူးထဲမှာ ထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်။

240W adapter ဟာ GT Neo 5 ကို စက္ကန့် ၈၀ အတွင်းမှာ 20% အထိ အားသွင်းပေးနိုင်မှာဖြစ်ပြီး ၄ မိနစ် အတွင်းမှာ 50% အထိ အားသွင်းပေးနိုင်မှာ ဖြစ်ပါတယ်။ ၁၀ မိနစ် အကြာမှာတော့ 100% အားသွင်းပြီးဖြစ်ပါလိမ့်မယ်။ ကြိုးတပ်အားသွင်းစနစ်နဲ့ စက္ကန့် ၃၀ အားသွင်းလိုက်တာနဲ့ ၂ နာရီကြာ ဖုန်းပြောနိုင်မယ်လို့ ကုမ္ပဏီက ကြေညာထားတာကတော့ အမှန်ပါပဲ။ ဒါ့အပြင် VOOC နဲ့ SuperVOOC chagers တွေနဲ့လည်း အလုပ်လုပ်ပါလိမ့်မယ်။

အဓိကကင်မရာကတော့ 50MP 1/1.56” Sony IMX890 sensor, OIS ဖြစ်ပြီး f/1.9 aperture နဲ့ 6P lens လည်း ဖြစ်ပါတယ်။ ဒါ့အပြင် 112-degree FoV နဲ့ 8MP ultrawide shooter လည်း ပါဝင်ပြီး 2MP macro shooter လည်း ပါဝင်ပါတယ်။ Selfie ကင်မရာကတော့ 16MP ဖြစ်ပါတယ်။

realme GT Neo 5 မှာ 8-component cooling solution ပါဝင်ပါတယ်။ Vapor chamber နဲ့ Graphite layer အချို့က အပူချိန်ပျောက်ကွယ်စေဖို့ ဆောင်ရွက်ပေးပါတယ်။ ဒါဟာ ဖုန်းရဲ့ အဓိကအားသာချက်ကြီးဖြစ်တဲ့ အမြန်အားသွင်းစနစ်အတွက်လည်း ကြီးမားတဲ့ အထောက်အကူဖြစ်ပါတယ်။

စမ်းသပ်ခန်းအတွင်း စမ်းသပ်ချက်တွေအရတော့ ဖုန်းဟာ ၁၀ ဒီဂရီ စင်တီဂရိတ်အထိ မပိုစေဘဲ ထိန်းသိမ်းထားနိုင်ပါတယ်။ ၁၀၀% အပြည့်  အားသွင်းမှု အကြိမ်ရေ ၁၆၀၀ အထိ ရှိမယ်ဆိုရင်တောင် Battery Health ၈၀% ကို ထိန်းသိမ်းထားနိုင်ပါတယ်။ ကျောမှာတပ်ဆင်ထားတဲ့ Glowing Rectangle က ဖုန်းအား ၂၀% အောက် ရောက်ရင် အနီရောင်အလင်းနဲ့အတူ အချက်ပြမှာ ဖြစ်ပါတယ်။

realme GT Neo 5 ကို အဖြူရောင်၊ အနက်ရောင် နဲ့ ခရမ်းရောင် အရောင်သုံးမျိုး ရွေးချယ်နိုင်ပါတယ်။ 240W ဗားရှင်းအတွက် ဈေးနှုန်းတွေကတော့ 16GB/256GB ဗားရှင်းအတွက် $470 (၁၄ သိန်း ဝန်းကျင်) ဖြစ်ပြီး 16GB/1TB ဗားရှင်းအတွက် $515 (၁၅ သိန်းခွဲဝန်းကျင်)  ဖြစ်ပါတယ်။ 150W ဗားရှင်းက အခြေခံ 8/256GB အတွက်ကတော့ $368  (၁၁ သိန်းဝန်းကျင်) ကျသင့်မှာဖြစ်ပြီး 12/256GB မှာတော့ $400 (၁၂ သိန်း ဝန်းကျင်) ဖြစ်ပါတယ်။ 16/256GB ကတော့ $427 (၁၃ သိန်းနီးပါးဝန်းကျင်) ကျသင့်ပါလိမ့်မယ်။

Ref: GSM Arena