နောက်မျိုးဆက် Neo Series အနေနဲ့ realme က GT Neo3 ကို ကြေညာဖို့ ရှိနေပြီး မကြာခင်ကပဲ အဲဒီ ဖုန်းရဲ့ ဓါတ်ပုံနဲ့ Fast Charging နည်းပညာတွေ ပေါက်ကြားခဲ့ပါတယ်။ အခုတော့ ဒုတိယ ဥက္ကဌ Madhav Sheth က ဖုန်း မိတ်ဆက်မယ့် အချိန်နဲ့ Specs တချို့ကို အတည်ပြုပေးလိုက်ပါတယ်။ ဒါ့အပြင် realme ဟာ Foldable တွေနဲ့ မျက်နှာပြင်အောက် ကင်မရာ ဖုန်းတွေကိုလည်း ဖန်တီးနေတယ်လို့ သတင်းပေးလိုက်ပါတယ်။

Realme GT Neo3 render

Madhav Sheth  က realme GT Neo3 ကို ဒီနှစ် ဒုတိယ နှစ်ဝက်မှာ ကြေညာမှာ ဖြစ်ပြီး MediaTek Dimensity 8100 SoC ထည့်ထားတဲ့ အစောဆုံး ဖုန်းတွေထဲက ၁ လုံး ဖြစ်မယ်လို့ ပြောပါတယ်။ ဒါ့အပြင် 150W UltraDart Charging နည်းပညာ ထည့်သွင်းထားမှာပါ။

Sheth က realme ဟာ ဒီဇိုင်း ထူးခြား ဆန်းသစ်တဲ့ စမတ်ဖုန်းတွေကို ဖန်တီး ရောင်းချဖို့ စီစဉ်နေတယ်လို့ ပြောတဲ့အတွက် realme ရဲ့ Foldable စမတ်ဖုန်းတွေကို မကြာခင် မျက်ဝါးထင်ထင် မြင်တွေ့ရတော့မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် Sheth က Foldable ဖုန်း ကြေညာမယ့် အချိန်ကို မပြောသေးပါဘူး။

realme

မျက်နှာပြင်အောက် ကင်မရာ ပါတဲ့ ဖုန်း ၁ လုံးကိုလည်း ကုမ္ပဏီက ဖန်တီးနေပြီး ဒုတိယနှစ်ဝက်မှာ ရောင်းချမှာ ဖြစ်ပါတယ်။ GT Neo3 နဲ့ အဲဒီ ဖုန်းဟာ အတူတကွ ထွက်လာနိုင်ပါတယ်။

ကုမ္ပဏီဟာ Apple MagSafe နဲ့ ဆင်တူတဲ့ MagDart Magnetic Charging စနစ်ကို ပြီးခဲ့တဲ့ နှစ်က ပြသခဲ့ပေမယ့် အခုထက်ထိ စီးပွားဖြစ် မရောင်းချသေးပါဘူး။ Sheth က MagDart ကို စီးပွားဖြစ် ရောင်းချဖို့ အချိန်ကျတော့မယ်လို့ သတင်းစကားပါးထားပါတယ်။

Ref : gizmochina