realme က 240W Fast Charging ပါတဲ့ GT Neo5 ကို ဒီလ အစောပိုင်းက ကြေညာခဲ့ပြီး ကုမ္ပဏီက တူညီတဲ့ Charging Rate ပါတဲ့ realme GT3 ကို မိတ်ဆက်ဖို့ ရှိတယ်လို့ အတည်ပြုခဲ့ပါတယ်။ အခုတော့ အဲဒီ စမတ်ဖုန်းကို ဘာစီလိုနာက MWC မှာ ဒီလ ၂၈ ရက်နေ့ ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။

Realme GT3 with 240W charging is arriving on February 28

ကုမ္ပဏီက realme GT Neo5 ကို နိုင်ငံတကာမှာ realme GT3 အမည်နဲ့ ရောင်းချတာလားဆိုတာ အတည်မပြုသေးပါဘူး။ လက်ရှိမှာ realme GT Neo5 ကို တရုတ်မှာပဲ ရောင်းချထားတာ ဖြစ်ပြီး ကုမ္ပဏီက နိုင်ငံတကာမှာလည်း GT Neo Device တွေကို အရင်ကလည်း ရောင်းချခဲ့ဖူးပါတယ်။

Realme GT3 to arrive this month with 240W charging support - GSMArena.com news

realme ဟာ စမတ်ဖုန်းတွေကို မတူညီတဲ့ နိုင်ငံတွေမှာ နာမည်ပြောင်းရောင်းချလေ့ ရှိပါတယ်။ ဥပမာ ပြောရရင် GT Neo 3T ကို တရုတ်မှာ Q5 Pro အမည်၊ GT Neo 2T ကို တရုတ်မှာ GT Neo နဲ့ နိုင်ငံတကာမှာ X7 Max 5G အမည်နဲ့ ရောင်းချခဲ့ပါတယ်။

လက်ရှိမှာ realme GT3 ရဲ့ သတင်းအချက်အလက်တွေကို များများစားစား မသိရသေးပေမယ့် မိတ်ဆက်ပွဲ မတိုင်ခင်မှာ သတင်းအချက်အလက်တွေ ပိုမို သိလာရနိုင်ပါတယ်။ ဒီလနှောင်းပိုင်း ဘာစီလိုနာမှာ ကျင်းပမယ့် Mobile World Congress (MWC) မှာ realme GT3 ရဲ့ သတင်းအချက်အလက် အပြည့်အစုံကို သိရတော့မှာပါ။

Ref : gsmarena