realme က စွမ်းရည်မြင့် GT5 ကို ကြေညာလိုက်ပြီး 150W နဲ့ 240W Version ၂ မျိုး ထုတ်လုပ်ထားပါတယ်။ 150W Version အတွက် 12/256GB နဲ့ 16/512GB ၂ မျိုးထုတ်လုပ်ထားပြီး ၄၁၀ ဒေါ်လာနဲ့ ၄၅၀ ဒေါ်လာ အသီးသီး ကျသင့်ပါတယ်။

Realme GT5's 150W version has a larger 5,240mAh battery

240W Version အတွက် 24GB RAM/1TB Storage ၁ မျိုးထဲ ထုတ်လုပ်ထားပြီး ၅၂၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ အားသွင်းနှုန်း မတူညီကြသလို ဘက်ထရီတွေလည်း ကွဲပြားကြပါတယ်။ 150W အတွက် 5,240mAh Battery နဲ့ 240W အတွက် 4,600mAh Battery တပ်ဆင်ထားပါတယ်။

Realme GT5 unveiled with 150W and 240W versions, top model has 24GB of RAM

240W အားသွင်းစနစ်ဟာ ၈၀ စက္ကန့်ထဲနဲ့ ၂၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။ 150W Version က ဘက်ထရီ ပမာဏပိုများသလို ၇ မိနစ်မှ ၅၀ ရာခိုင်နှုန်း အားပြည့်ပါတယ်။

Realme GT5 unveiled with 150W and 240W versions, top model has 24GB of RAM

မော်ဒယ် ၂ ခုစလုံးမှာ Snapdragon 8 Gen 2 Chipset မောင်းနှင်ထားပြီး 20,827mm² Vapor Chamber ပါတဲ့ 9-layer Cooling System က ဖုန်း အပူချိန်ကို လျှော့ချပေးပါတယ်။

Realme GT5 unveiled with 150W and 240W versions, top model has 24GB of RAM

6.74” AMOLED 1240x2772p မျက်နှာပြင်ပြား တပ်ဆင်ထားပြီး 1,400 Nits Brightness , 144Hz Refresh Rate နဲ့ 2160Hz High Frequency PWM Dimming ထောက်ပံ့ထားပါတယ်။

အနောက်ဘက်မှာ 50MP Main (OIS) , 8MP Ultrawide , 2MP Macro ကင်မရာတွေ တပ်ဆင်ထားပြီး LED Light က အရောင် ၂၆ မျိုးပြသပေးပါတယ်။ ဆဲလ်ဖီး ကင်မရာက 16MP ဖြစ်ပါတယ်။

Dual-SIM 5G ဖုန်း ဖြစ်ပြီး WiFi 7, Bluetooth 5.3 ထောက်ပံ့ထားပါတယ်။ Dolby Atmos ပါတဲ့ စတီရီယို စပီကာတွေ ပါလာပြီး Haptic Feedback အတွက် X-axis Linear Motor တပ်ဆင်ထားပါတယ်။ လက်ဗွေရာ ကိရိယာကို မျက်နှာပြင်အောက်မှာ မြှပ်နှံထားပါတယ်။

တရုတ်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး စက်တင်ဘာလ ၄ ရက်နေ့ ရောင်းချမှာပါ။ Silver နဲ့ Green ၂ ရောင် ထုတ်လုပ်ထားပါတယ်။

Realme GT5 unveiled with 150W and 240W versions, top model has 24GB of RAM

Ref : gsmarena