အခုအချိန်မှာ realme ကနေ Mid Range ပိုင်းနဲ့ Entry ပိုင်းကို အဓိကထားပြီး စမတ်ဖုန်းတွေ ဆက်တိုက်မိတ်ဆက်နေသလို တဖက်မှာလည်း Wearable တွေဖြစ်တဲ့ realme Buds Air ၊ realme Band စသဖြင့်ထုတ်လုပ်လာတာလည်းဖြစ်ပါတယ်။ အခုလည်း နောက်ထပ် realme Smartwatch ကိုပါ မိတ်ဆက်လာတော့မယ်လို့ ယူဆရပါတယ်။
မကြာသေးခင်က realme Smartwatch လို့ယူဆရတဲ့ Device တစ်ခုကို India ရဲ့ BIS Certification ရရှိခဲ့ပြီးတော့ အခုအချိန်မှာလည်း Indonesia ရဲ့ IMDA Certification ကိုရရှိသွားပြီဖြစ်ပါတယ်။ အခုသတင်းအရ realme Smartwatch ဟာ Model Number အနေနဲ့ RMA183 နဲ့ထွက်ရှိလာမှာပါ။
ဒါပေမယ့် အဆိုပါ IMDA Certification မှာ realme Smartwatch ကို “Wearable band with Bluetooth” လို့ပဲ အကြမ်းဖျင်းဖော်ပြခဲ့တဲ့အတွက် ဘယ်လိုမျိုး Feature တွေပါဝင်လာမလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့လတုန်းက realme CEO Madhav ရဲ့ Twitter မှာတင်ထားခဲ့တဲ့ Video တစ်ခုအရ realme Smartwatch လို့ယူဆရတဲ့ Wearable တစ်ခုကိုတော့ တွေ့မြင်ခဲ့ရပါတယ်။
Sharing an exciting first look of what all is in store for 2020. We are determined to make #realme the most loved Tech-Lifestyle brand.
Watch the launch at 2.30PM today to know more about it.https://t.co/8pkvjxXwcl pic.twitter.com/y0e2fGCNNC
— Madhav 5G (@MadhavSheth1) February 24, 2020
ဘာပဲဖြစ်ဖြစ် လက်ရှိအချိန်မှာ Xiaomi နဲ့ OPPO လိုမျိုး ကုမ္ပဏီတွေကလည်း Smartwatch တွေထုတ်လုပ်နေတဲ့အချိန်မှာ realme ကပါ ဝင်ရောက်ပြိုင်ဆိုင်လာဖို့ နီးကပ်နေပြီဆိုတာကတော့ ငြင်းလို့မရပါဘူး။
Ref – Giz China