နောက်ဆုံးတော့ လနဲ့ချီပြီး ရွှေ့ဆိုင်းခဲ့ရတဲ့ Narzo စမတ်ဖုန်းစီးရီးကို မိတ်ဆက်လာခဲ့ပါပြီ။ Realme Narzo 10 နဲ့ Narzo 10A တို့ဟာ ကိုဗစ်အန္တရာယ်ကြောင့် မိတ်ဆက်ရက်ကို နှစ်ကြိမ်တိတိရွှေ့ဆိုင်းခဲ့ရပါတယ်။ ဒါပေမယ့် Narzo ဖုန်းနှစ်လုံးဟာ အသစ်စက်စက်တော့မဟုတ်ဘဲ Realme 6i နဲ့ Realme C3 (ကင်မရာသုံးလုံးဗားရှင်း) တို့ကို အိန္ဒိယဈေးကွက်အတွက် နာမည်ပြောင်းမိတ်ဆက်လာတာဖြစ်ပါတယ်။

Realme Narzo 10 မှာ Helio G80 ချစ်ပ်ဆက်ကို 4GB RAM/128GB Storage မန်မိုရီတို့နဲ့ တွဲဖက်ထားပါတယ်။ 6.5” Display မှာ 16MP ဆဲလ်ဖီးကင်မရာတစ်လုံးတည်းနဲ့ Waterdrop Notch ပါဝင်ပါတယ်။ နောက်ဘက်မှာ 48MP အဓိက Sensor ဦးဆောင်တဲ့ ကင်မရာလေးလုံးနဲ့ပါ။ Narzo 10 ရဲ့ အဓိက Feature တစ်ခုက 5,000 mAh ပမာဏ ဘက္ထရီဖြစ်ပြီး 18W အားသွင်းစနစ်နဲ့ဖြစ်ပါတယ်။

Realme Narzo 10A ကတော့ Helio G70 ချစ်ပ်ဆက်နဲ့ ပိုပြီးဈေးချိုတဲ့ဟန်းဆက်ပါ။ Display အရွယ်ကတော့ Realme Narzo 10 နဲ့အတူတူပဲဖြစ်ပေမယ့် မန်မိုရီက 3/32GB ဖြစ်ပါတယ်။ နောက်ဘက်မှာ 12MP + 2MP Depth + 2MP Macro ကင်မရာသုံးလုံးတွဲနဲ့ ရှေ့ဘက်မှာ 5MP ဆဲလ်ဖီးကင်မရာတစ်လုံးတည်းပါ။ ဘက္ထရီကလည်း 5,000 mAh ပဲဖြစ်ပေမယ့် MicroUSB Type နဲ့ ပုံမှန် 10W အားသွင်းစနစ်သာ ပါဝင်ပါတယ်။

Narzo 10 ဖုန်းနှစ်လုံးစလုံးမှာ Fingerprint Scanner ကို နောက်ကျောမှာထည့်ထားပြီး Android 10 အခြေခံ Realme UI နဲ့ အသုံးပြုရမှာပါ။

Narzo 10 ဟာ That White နဲ့ That Green လို့ထူးထူးဆန်းဆန်းအမည်ပေးထားတဲ့ ဗားရှင်းနှစ်မျိုးနဲ့ရောင်းချမှာ ဖြစ်ပြီး အိန္ဒိယရူပီး ၁၁၉၉၉ (မြန်မာငွေ ၂ သိန်း ၂ သောင်း) ကျသင့်ပါတယ်။ Narzo 10A ကတော့ So Blue သို့မဟုတ် So White ဆိုတဲ့ ကာလာနှစ်မျိုးနဲ့ထွက်လာပြီး ရူပီး ၈၄၉၉ (မြန်မာငွေ တစ်သိန်းခွဲကျော်) သာ သတ်မှတ်ထားပါတယ်။

Ref – GSMArena