realme က သူ့ဈေးနဲ့ ယှဉ်ရင်  အရည်အသွေးမြင့် ပင်မ ကင်မရာ တပ်ဆင်ထားတဲ့ Narzo 70 Pro 5G ကို ကြေညာလိုက်ပါတယ်။ Screen ကို ထိစရာ မလိုဘဲ လက်ကို အပေါ်ကနေ ဝှေ့ယမ်းလိုက်တာနဲ့ Menu ကို Navigate လုပ်နိုင်တဲ့ Air Gestures ပါပါတယ်။

Realme Narzo 70 Pro 5G is official with 50 MP Sony IMX890 camera, 67W  charging - GSMArena.com news

realme Narzo 70 Pro မှာ 5G ထောက်ပံ့တဲ့ Dimensity 7050 Chip မောင်းနှင်ထားပြီး 8GB RAM , 128GB/ 256GB Storage ပါပါတယ်။ microSD Card Slot တော့ မပါပါဘူး။

6.67” AMOLED Full HD+ မျက်နှာပြင် ပါလာပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ မျက်နှာပြင်ပြား ဖြစ်ပြီး အလယ်က Punch Hole မှာ 16MP ဆဲလ်ဖီး ကင်မရာ တပ်ထားပါတယ်။ အနောက်ဘက်မှာ 50MP Main (OIS) , 8MP Ultrawide နဲ့ 2MP Macro ကင်မရာ ၃ လုံး ပါပါတယ်။

Realme Narzo 70 Pro 5G is official with 50 MP Sony IMX890 camera, 67W  charging - GSMArena.com news

67W SuperVOOC Charge ပါတဲ့ 5,000mAh Battery က တော်တော် လန်းပြီး ၁၉ မိနစ်အတွင်း ၅၀ ရာခိုင်နှုန်း အားသွင်းပေးပါတယ်။ အပူချိန် လျှော့ချပေးတဲ့ Vapor Chamber Cooling System ပါပါတယ်။ အောက်ခြေမှာ USB-C Port တပ်ထားပြီး မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ ပါပါတယ်။ Android 14 အခြေပြု realme UI 5.0 မောင်းနှင်ထားပြီး Glass Green နဲ့ Glass Gold အရောင်ထုတ်လုပ်ထားပါတယ်။ 128GB ကို ၂၄၀ ဒေါ်လာ နဲ့ 256GB ကို ၂၆၅ ဒေါ်လာ သတ်မှတ်ထားပြီး မတ်လ ၂၂ ရက်နေ့ အိန္ဒိယမှာ ရောင်းမှာပါ။

Ref : gsmarena