realme က မေလ ၁၈ ရက်နေ့မှာ Narzo N53 ကို အိန္ဒိယမှာ ကြေညာတော့မှာပါ။ အဲဒီဖုန်းကို “The Entry-level Redefiner” လို့ ညွှန်းဆိုထားပြီး လှပတဲ့ ဒီဇိုင်း၊ မြင့်မားတဲ့ စွမ်းဆောင်ရည်နဲ့ အဆင့်မြင့် လုပ်ဆောင်ချက်တွေ ပါလာမှာပါ။ ကုမ္ပဏီက ဖုန်း ဒီဇိုင်းနဲ့ အဓိက Specs တွေကို မျှဝေထားပါတယ်။

Realme Narzo N53's launch date, key specs, and design revealed

realme Narzo N53 ရဲ့ အနောက်ဘက် ဒီဇိုင်းဟာ iPhone Pro မော်ဒယ်တွေနဲ့ ဆင်တူပြီး စတုရန်းပုံ ကင်မရာ Island ထဲမှာ စက်ဝိုင်း ၃ ခု ထည့်သွင်းထားပါတယ်။ ၂ ခုက ကင်မရာနဲ့ နောက် ၁ ခုက Flash ဖြစ်ပါတယ်။

Realme Narzo N53's launch date, key specs, and design revealed

Narzo N53 ရဲ့ အနောက်ဘက် Panel မှာ California Sunshine ဒီဇိုင်း သုံးထားပြီး realme C55 ရဲ့ Sunshower Version နဲ့ ဆင်တူပါတယ်။ အောက်ခြေမှာ USB-C Port ၊ နားကြပ်ပေါက်၊ မိုက်ကရိုဖုန်းနဲ့ စပီကာ အပေါက်တွေ ထည့်သွင်းထားပါတယ်။ ညာဘက်မှာ အသံနဲ့ ပါဝါ ခလုတ်တွေ ပါပြီး ပါဝါခလုတ်အောက်မှာ လက်ဗွေရာ ကိရိယာမြှပ်နှံထားပါတယ်။

Realme Narzo N53's launch date, key specs, and design revealed

မျက်နှာပြင်မှာ Notch ထည့်ထားပြီး မျက်နှာပြင် သတင်းအချက်အလက်ကို မသိရသေးပါဘူး။ LCD မျက်နှာပြင် ဖြစ်ဖို့ သေချာပါတယ်။

Narzo N53 မှာ 33W Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါလာမှာဖြစ်ပြီး ၃၄ မိနစ်အတွင်း ၅၀ ရာခိုင်နှုန်းအထိ အားသွင်းပေးနိုင်ပါတယ်။ 6GB RAM နဲ့ 128GB Storage ထည့်သွင်းထားပြီး တခြား Memory Configuration တွေကို မသိရသေးပါဘူး။

Narzo N53 ရဲ့ အထူက ၇.၄၉ မီလီမီတာ ဖြစ်ပြီး realme ရဲ့ အပါးလွှာဆုံး စမတ်ဖုန်း ဖြစ်လာမှာပါ။ Amazon.in မှာ အနည်းဆုံး အရောင် ၂ ရောင်ကို ပြသထားပြီး အမည်တွေကို မသိရသေးပါဘူး။ Narzo N53 ကို ကြေညာဖို့ ရက်အနည်းငယ်လိုသေးပြီး ဒီကြားထဲမှာ ကုမ္ပဏီက လုပ်ဆောင်ချက်တွေကို ပိုမို ပြောလာနိုင်ပါတယ်။

Ref : gsmarena