realme က အိန္ဒိယမှာ realme Pad 2 ကို ကြေညာလိုက်ပြီး realme Pad, realme Pad mini နဲ့ realme Pad X တို့ပြီးနောက် ကုမ္ပဏီရဲ့ စတုတ္ထမြောက် တက်ဘလက် ဖြစ်လာပါတယ်။ အရင်မျိုးဆက်ထက် ဒီဇိုင်းပိုကောင်းလာပြီး အဆင့်မြှင့်ထားတဲ့ Specs တွေ ပါလာပါတယ်။

Realme Pad 2 is official - 11.5'' 120Hz display, Helio G99 chip

Realme Pad 2 ဟာ မူလ realme Pad ထက် ပိုကြီးလာပြီး 11.5” LCD 2000x1200p မျက်နှာပြင် တပ်ဆင်ထားပါတယ်။ 450 Nits Peak Brightness ၊ 85.2% Screen-to-body Ratio ပါလာပြီး 40Hz/60Hz/120Hz Adaptive Refresh Rate နဲ့ DC Dimming ထောက်ပံ့ထားပါတယ်။

Realme Pad 2: Affordable tablet announced in India with a 120 Hz screen -  NotebookCheck.net News

ပြားချပ်တဲ့ ဖရိမ် ပါလာပြီး ထောင့်စွန်းတွေက ကွေးညွှတ်ပါတယ်။ အနောက်ဘက်ရဲ့ ဘယ်ဘက်ထောင့်မှာ 8MP ကင်မရာ တပ်ဆင်ထားပြီး 8MP ဆဲလ်ဖီး ကင်မရာ ပါလာပါတယ်။

MediaTek Helio G99 Chipset မောင်းနှင်ထားပြီး Android 13 အခြေပြု realme UI 4.0 ပါပါတယ်။ Multi-screen Collaboration ၊ Split Screen ၊ Dual Windows ၊ Flexible Windows ၊ Smart Sidebar နဲ့ Google Kids Space လို အသုံးဝင်တဲ့ ဆော့ဖ်ဝဲ လုပ်ဆောင်ချက်တွေ ထည့်ထားပါတယ်။

Dolby Atmos ထောက်ပံ့တဲ့ စပီကာ ၄ လုံး တပ်ဆင်ထားပြီး ၇.၂ မီလီမီတာ ကိုယ်ထည်ထဲမှာ 8,360mAh Battery ထည့်ထားပါတယ်။ 33W Wired Charging ထောက်ပံ့ထားပါတယ်။

ဈေးနှုန်း

  • 6GB + 128GB – ₹19,999 (~$245)
  • 8GB + 256GB – ₹22,999 (~$280)

Inspiration Green နဲ့ Imagination Grey ၂ ရောင်ထုတ်လုပ်ထားပြီး ဩဂုတ်လ ၁ ရက်နေ့ အိန္ဒိယမှာ ရောင်းမှာပါ။

Ref : gizmochina