realme က တန်ဖိုးနည်း တက်ဘလက် အသစ် ၁ လုံးကို ဖန်တီးနေပြီး မကြာခင် အိန္ဒိယမှာ ကြေညာမှာ ဖြစ်ပါတယ်။ realme Pad 3 ကို အိန္ဒိယမှ အာဏာပိုင်အဖွဲ့အစည်းတွေထံမှာ မှတ်ပုံတင်ထားပါတယ်။ အရင်နှစ်က ကြေညာခဲ့တဲ့ realme Pad 2 ရဲ့ မျိုးဆက်သစ် ဖြစ်ပါတယ်။

Realme Pad 2 Wi-Fi Variant to Launch in India Alongside Realme P1 5G Series on April 15 | Technology News

realme Pad 3 ကို အိန္ဒိယရဲ့ Bureau of Indian Standards (BIS) မှာ မှတ်ပုံတင်ထားပြီး မော်ဒယ်နံပါတ်က RMP2402 ဖြစ်ပါတယ်။ အဲဒီမှာတော့ တက်ဘလက်ရဲ့ Specs နဲ့ Features တွေကို မဖော်ပြထားပါဘူး။ သေချာတာကတော့ တက်ဘလက်ကို အိန္ဒိယမှာ မကြာခင် ကြေညာမှာလို့ ဖော်ပြထားပါတယ်။

The Realme Pad 2 is finally getting a Wi-Fi only variant in India; to launch on April 15 with P1 series, T110 wireless earbuds - Technology News | The Financial Express

ပေါက်ကြားသတင်းအရ တက်ဘလက်မှာ အနောက်ဘက်မှာ 8MP ကင်မရာ တပ်ဆင်ထားပြီး 3264×2448 Max Resolution ရှိမှာ ဖြစ်ပါတယ်။ f/2.0 Aperture ကို သုံးထားပြီး 2.8mm Focal Length ရှိပါတယ်။ OIS နဲ့ EIS Stabilization ပါလာမလားဆိုတာ မသိရသေးပါဘူး။ အရှေ့ ကင်မရာက 5MP ဖြစ်ပါတယ်။

realme Pad 2 ရဲ့ Specs တွေကို ပြန်လည် လေ့လာကြည့်ရင် 11.5” 2K Display သုံးထားပြီး 120Hz Refresh Rate ပါပါတယ်။ MediaTek Helio G99 SoC မောင်းနှင်ထားပြီး 33W Charging ထောက်ပံ့တဲ့ 8,360mAh Battery ပါပါတယ်။

Ref : gizmochina