realme ဟာ လာမယ့် မေလ ၂၆ ရက်နေ့မှာ တရုတ်နိုင်ငံအတွင်းမှာ realme Pad X Tablet အသစ်ကို မိတ်ဆက်ဖို့ စီစဥ်ထားတာဖြစ်ပါတယ်။ realme အနေနဲ့ကတော့ အခုအချိန်အထိ realme Pad X Tablet နဲ့ ပတ်သက်ပြီးတော့ သတင်းအတိအကျ ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

ဒါပေမယ့်လည်း အခုအချိန်မှာတော့ အဆိုပါ realme Pad X Tablet ရဲ့ Specification အသေးစိတ်ဟာ ပေါက်ကြားလာခဲ့ပြီဖြစ်ပါတယ်။ အခုထွက်ပေါ်လာတဲ့သတင်းတွေအရတော့ realme Pad X ဟာ Flagship Tablet တစ်ခုလို့တောင် ဆိုနိုင်မှာပါ။

realme Pad X Tablet ဟာ Display အနေနဲ့ 11″ 2K Display ကိုအသုံးပြုထားမှာဖြစ်ပြီး Hardware-grade Anti Blue Light Filter ပါဝင်မှာဖြစ်ပါတယ်။ Audio Quality ပိုင်းမှာလည်း Dolby Atmos ကို Support ပြုလုပ်တဲ့ Four Speaker Setup ပါဝင်မှာဖြစ်ပါတယ်။

Battery ပိုင်းမှာလည်း 8340mAh Battery ပါဝင်ပြီး 33W Fast Charging ကို ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။ ဒါက realme ကနေ မိတ်ဆက်ခဲ့သမျှ Tablet တွေထဲမှာ Charging Speed အမြန်ဆန်ဆုံးဖြစ်လာတာပါ။

realme ကနေ အစောပိုင်းတုန်းက ပြောကြားချက်တွေအရ realme Pad X Tablet ဟာ Qualcomm Snapdragon 870 Chipset ကို အသုံးပြုထားမှာဖြစ်ပြီး Stylus ကိုပါ Support ပြုလုပ်ဦးမယ်လို့ သိရပါတယ်။ ဒါကြောင့် realme Pad X ဟာလည်း Android Tablet တွေထဲမှာ စိတ်ဝင်စားစရာ Tablet တစ်လုံးဖြစ်လာမှာပါ။

Ref – GSM Arena