realme က 240W Charging ပါတဲ့ GT Neo 5 ကို ကြေညာပြီးနောက်မှာ ပြီးခဲ့တဲ့ ၁ ပတ်က Snapdragon 7+ Gen 2 နဲ့ 100W Charging ပါတဲ့ SE Version ကို မိတ်ဆက်ခဲ့ပါတယ်။

realme GT Neo5 SE ရဲ့ ပထမဆုံး Flash Sale ကို ပြုလုပ်ပေးလိုက်ပြီး အလုံးရေ ၁၀၀,၀၀၀ ရောင်းချနိုင်ခဲ့ပါတယ်။ realme က ရောင်းအား အကောင်းဆုံး GT Neo Version လို့ ပြောပါတယ်။

realme GT Neo5 SE မှာ Omnivision OV64M Sensor ပါတဲ့ 64MP ကင်မရာ ထည့်သွင်းထားပြီး Neo5 မှာတော့ ဒီထက် အားနည်းတဲ့ 50MP Sony IMX890 ကင်မရာ တပ်ဆင်ထားပါတယ်။

64MP နဲ့အတူ 8MP Ultrawide, 2MP ကင်မရာတွေနဲ့ အားဖြည့်ထားပြီး အရှေ့ဘက်မှာ 16MP ကင်မရာ တပ်ဆင်ထားပါတယ်။

realme GT Neo5 SE မှာ 6.74” OLED မျက်နှာပြင် တပ်ဆင်ထားပြီး လက်ဗွေရာ ကိရိယာကိုမျက်နှာပြင်အောက်မှာ မြှပ်နှံထားပါတယ်။ 100W Charging ထောက်ပံ့တဲ့ 5,500mAh Battery တပ်ဆင်ထားပါတယ်။

SE Version ရဲ့ အခြေခံ မော်ဒယ်ဟာ ၁,၉၉၉ ယွမ် ( ဒေါ်လာ ၃၀၀ အောက်) က စတင်ပြီး 1TB Storage ပါတဲ့ ဈေးအကြီးဆုံး မော်ဒယ်ကို ၂,၅၉၉ ယွမ် ( ၃၇၅ ဒေါ်လာ ဝန်းကျင်) သတ်မှတ်ထားပါတယ်။ အရောင် ၂ ရောင် ထုတ်လုပ်ထားပြီး Black နဲ့ Final Fantasy တွေ ဖြစ်ပါတယ်။

Ref : gsmarena