realme ဟာ Q5i ကို ဒီ ၁ ပတ်အစောပိုင်းက ကြေညာခဲ့ပြီး အခုတော့ Q5 နဲ့ Q5 Pro ကို ချပြလိုက်ပါတယ်။
realme Q5 မှာ ၆.၆ လက်မ LCD 120Hz 1080p မျက်နှာပြင် တပ်ဆင်ထားပြီး Punch Hole မှာ 16MP ဆဲလ်ဖီး ကင်မရာ ၁ လုံး ပါလာပါတယ်။ အနောက်ဘက်မှာ 50MP Main, 2MP Macro နဲ့ 2MP Depth ကင်မရာ ၃ လုံး ထည့်သွင်းပြီး ဘက်ထရီက 5,000mAh ဖြစ်ပါတယ်။
Snapdragon 695 5G Chipset မောင်းနှင်ထားပြီး ဘေးဘက်လက်ဗွေရာ ကိရိယာမြှပ်နှံထားပါတယ်။ 60W SuperDart Charging ထောက်ပံ့ထားပြီး Android 12 အခြေပြု realme UI 3.0 မောင်းနှင်ထားပါတယ်။ တရုတ်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး Silver, Gold နဲ့ Black ၃ ရောင်ထုတ်လုပ်ထားကာ ၂၇ ရက်နေ့ ရောင်းမှာပါ။ 6/128GB ကို ၁,၃၉၉ ယွမ်၊ 8/128GB ကို ၁,၅၉၉ ယွမ်နဲ့ 8/256GB ကို ၁,၇၉၉ ယွမ် သတ်မှတ်ထားပြီး တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ၄၀၀,၀၀၀ ဝန်းကျင် ရှိမှာပါ။
realme Q5 Pro မှာ ၆.၆၂ လက်မ AMOLED 120Hz မျက်နှာပြင် ပါလာပြီး လက်ဗွေရာ ကိရိယာကို မျက်နှာပြင်အောက်မှာ မြှပ်နှံထားပါတယ်။ 16MP ဆဲလ်ဖီး ကင်မရာ ၁ လုံးတပ်ဆင်ထားပြီး အနောက်ဘက်မှာ 64MP Main , 8MP Ultrawide နဲ့ 2MP Macro ကင်မရာ ၃ လုံး ပါလာပါတယ်။ Chipset က အနည်းငယ် ဒိတ်အောက်နေပေမယ့် စွမ်းရည်မြင့်မားတဲ့ Snapdragon 870 ဖြစ်ပါတယ်။
80W Fast Charging က အမိုက်ဆုံး လုပ်ဆောင်ချက် ဖြစ်ပြီး 5,000mAh ဘက်ထရီ တပ်ဆင်ထားပါတယ်။ Black အရောင်မှာ 6/128GB ပါလာပြီး ၁,၈၉၉ ယွမ် သတ်မှတ်ထားကာ ၅၄၀,၀၀၀ ဝန်းကျင် ရှိပါတယ်။ 8/128GB နဲ့ 8/256GB ပါတဲ့ Yellow နဲ့ White အရောင်တွေကို ၂,၀၉၉ ယွမ်နဲ့ ၂,၂၉၉ ယွမ် အသီးသီး သတ်မှတ်ထားပါတယ်။
Ref : gsmarena