realme ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကမှ စမတ်ဖုန်းစျေးကွက်ထဲကို ဝင်ရောက်လာတာဖြစ်ပြီး အခုဆိုရင် စမတ်ဖုန်းတွေ သန်းနဲ့ချီပြီး ရောင်းချနေရပြီဖြစ်ပါတယ်။ ဒါပေမယ့် realme ရဲ့ နောက်ဆုံး ကြေညာချက်အရ စမတ်ဖုန်းတွေတင်မကဘဲ Wireless Earphone ရောင်းချရမှုကလည်း တကမ္ဘာလုံးမှာ အလုံးရေ ၁ သန်းကျော်သွားပြီလို့ သိရပါတယ်။

realme ကနေ အခုအချိန်အထိ realme Buds Wireless (Neckband Earphone) နဲ့ realme Buds Air (True Wireless Earbuds) ၂ မျိုးကိုပဲ မိတ်ဆက်ထားတဲ့အတွက် ဒီ ၂ မျိုးစလုံးနဲ့ အချိန်တိုအတွင်းမှာ အလုံးရေ ၁ သန်းကျော်ရောင်းချရတယ်ဆိုတာက တကယ်ကို ဝမ်းသာစရာသတင်းတစ်ခုဖြစ်ပါတယ်။ realme Buds Air ဆိုရင် India မှာ AirPods ပြီးရင် ဒုတိယရောင်းအားအကောင်းဆုံး TWS Earbuds အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက သတ်မှတ်ခံခဲ့ရပါသေးတယ်။

အခုလိုမျိုး ရောင်းအားကောင်းတာကလည်း realme Buds Air ဟာ 12mm Bass Boost Driver အပြင် Custom R1 Chip ၊ USB-C အပြင် Wireless Charging ကိုပါ Support ပြုလုပ်နိုင်တဲ့အပြင် Battery Life အနေနဲ့လည်း စုစုပေါင်း ၁၇ နာရီအထိ အသုံးပြုနိုင်တာကြောင့်ဖြစ်ပါတယ်။

realme အနေနဲ့ လာမယ့် မေလ ၂၅ ရက်နေ့မှာလည်း TWS Earbuds အသစ် ၂ မျိုးဖြစ်တဲ့ realme Buds Air Neo နဲ့ realme Buds Q Earbuds တွေကို မိတ်ဆက်သွားမှာဖြစ်ပြီး လက်ရှိ realme Buds Air ထက်တောင် စျေးသက်သာမှာဖြစ်တဲ့အတွက် realme အနေနဲ့ ဒီ Wireless Earphone စျေးကွက်မှာ အောင်မြင်ဦးမယ်လို့ ယူဆရပါတယ်။

Ref – GSM Arena