realme 10 Pro Series ကို တရုတ်မှာ ပြီးခဲ့တဲ့ ၁ ပတ်က ကြေညာခဲ့ပြီး Pro နဲ့ Pro+ Version တွေ ပါပါတယ်။ ကုမ္ပဏီက တရုတ်မှာ ပထမ အသုတ်ကို ရောင်းချပေးလိုက်ပြီး ရောင်းအားကောင်းကြောင်းကို ဝီဘိုမှာ ကြေညာလိုက်ပါတယ်။ realme က 10 Pro Series အလုံးရေ ၂ သိန်း ရောင်းချနိုင်ခဲ့တယ်လို့ အတည်ပြုလိုက်ပါတယ်။ ဒါပေမယ့် ကုမ္ပဏီက ရောင်းချရတဲ့ အလုံးရေ အတိအကျကို မပြောပါဘူး။
realme 10 Pro နဲ့ Pro+ အတွက် 8/256GB နဲ့ 12/256GB ၂ မျိုး ထုတ်လုပ်ထားပြီး Pro+ အတွက် 8/128GB အပို ထုတ်လုပ်ထားပါတယ်။
realme က 10 Pro Series ကို နိုင်ငံတကာမှာ ဒီဇင်ဘာလ ၈ ရက်နေ့ ကြေညာမယ်လို့ အတည်ပြုလိုက်ပြီး Specs တွေက တရုတ်က မော်ဒယ်တွေနဲ့ တူညီနိုင်ပါတယ်။
realme 10 Pro
realme 10 Pro မှာ ၆.၇ လက်မ LCD Full HD+ မျက်နှာပြင် တပ်ဆင်ထားပြီး 120Hz Refresh Rate ထည့်သွင်းထားပါတယ်။ မျက်နှာပြင် အထက် အလယ်က Punch Hole မှာ 16MP ဆဲလ်ဖီးကင်မရာ တပ်ဆင်ထားပါတယ်။
အနောက်ဘက်မှာ 108MP Main , 2MP Macro ကင်မရာတွေ တပ်ဆင်ထားပြီး Snapdragon 695 Chipset မောင်းနှင်ထားပါတယ်။ 8GB LPDDR4x RAM နဲ့ 256GB UFS 2.2 Storage အထိ ရွေးချယ်နိုင်ပြီး ဘေးဘက်လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပါတယ်။
realme 10 Pro+
realme 10 Pro+ မှာ AMOLED မျက်နှာပြင်ကွေး တပ်ဆင်ထားပြီး FHD+ Resolution , 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး Screen-to-body Ratio က ၉၃.၆၅ ရာခိုင်နှုန်း ရှိပါတယ်။
realme 10 Pro+ ဟာ Dimensity 1080 ပါတဲ့ အစောဆုံး ဖုန်းတွေထဲက ၁ လုံး ဖြစ်ပါတယ်။ 12GB LPDDR4x RAM နဲ့ 256GB UFS 2.2 Storage အထိ ရွေးချယ်နိုင်ပြီး 16MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 108MP Main , 8MP Ultrawide , 2MP Macro ကင်မရာ ၃ လုံး ထည့်သွင်းထားပါတယ်။
realme 10 Pro နဲ့ 10 Pro+ အတွက် Android 13 OS အခြေပြု realme UI 4.0 မောင်းနှင်ထားပြီး 5,000mAh ဘက်ထရီ ပါပါတယ်။ 33W နဲ့ 67W Fast Charging အသီးသီး ထည့်သွင်းထားပြီး ဖုန်း ၂ လုံးစလုံးမှာ Dual SIM Support , 5G, WiFi 802.11ac, Bluetooth 5.1 , GPS, NFC , USB-C Port တွေ ပါပါတယ်။
Sea Blue, Night Black နဲ့ Starlight (White) အရောင်တွေ ထုတ်လုပ်ထားပြီး ဈေးနှုန်းတွေကို အောက်မှာ လေ့လာပါ။
realme 10 Pro
8 GB RAM + 256 GB storage – 1,599 Yuan (~$224)
12 GB RAM + 256 GB storage – 1,899 Yuan (~$266)
realme 10 Pro+
8 GB RAM + 128 GB storage – 1,699 Yuan (~$238)
8 GB RAM + 256GB storage – 1,999 Yuan (~$280)
12 GB RAM + 256GB storage – 2,299 Yuan (~$322)
Ref : gizmochina