realme က စမတ်ဖုန်း အသစ် ၁ လုံးနဲ့ ပတ်သက်ပြီး Teaser တွေကို မျှဝေလိုက်ပါတယ်။ ကုမ္ပဏီက အဲဒီ စမတ်ဖုန်းရဲ့ အမည်ကို မပြောသေးပေမယ့် မကြာခင်က ကြေညာခဲ့တဲ့ MediaTek Dimensity 1080 Processor ပါလာမယ်လို့ အတည်ပြုထားပါတယ်။
“ Mission က ၁၀၈၀ Likes ရဖို့ ဖြစ်ပါတယ်။ Reward က ဒီနှစ်ထဲ ထွက်မယ့် realme စမတ်ဖုန်းမှာ Dimensity 1080 Chipset ထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်။ Challenge အတွက် အဆင်သင့် ဖြစ်ပြီလား? “ လို့ တွစ်တာ လူမှုကွန်ရက်မှာ realme India CEO Madhav Sheth က ရေးသားထားပါတယ်။
ကုမ္ပဏီက အဲဒီ ဖုန်းကို ကြေညာမယ့် အချိန်ကို မပြောသေးပေမယ့် ဒီနှစ် နှောင်းပိုင်းမှာ မိတ်ဆက်နိုင်ပါတယ်။
MediaTek က မကြာခင်ကမှ Dimensity 1080 5G Chipset ကို ကြေညာခဲ့ပါတယ်။ အဲဒီ Processor ကို 6nm Process နဲ့ တည်ဆောက်ထားတာ ဖြစ်ပြီး အဆင့်မြှင့်ထားတဲ့ Octa-core CPU တပ်ဆင်ထားပါတယ်။ 2.6GHz Arm Cortex-A78 CPU Core ၂ လုံးနဲ့ Arm Mali-G68 Graphics Unit ထည့်သွင်းထားပါတယ်။
ကုမ္ပဏီက အဲဒီ Chipset ဟာ 200MP ကင်မရာ၊ sub-6GHz 5G Network နဲ့ WiFi 6 ဆက်သွယ်မှုကို ထောက်ပံ့ပေးနိုင်တယ်လို့ ပြောပါတယ်။ အဲဒီ Processor ဟာ HyperEngine 3.0 လို ဂိမ်း လုပ်ဆောင်ချက်တွေနဲ့ AI Processing Unit 3.0 ပါပါတယ်။
Ref : livemint