realme က TechLife Watch R100 စမတ်နာရီကို ကြေညာလိုက်ပါတယ်။ ၁.၃၂ လက်မ TFT LCD 360x360p မျက်နှာပြင် တပ်ဆင်ထားပြီး Aluminum Ally Casing ပါလာကာ ဘက်ထရီ သက်တမ်း ၁ ပတ်ခံပါတယ်။

Realme TechLife Watch R100

TechLife Watch R100 မှာ ကျန်းမာရေး စောင့်ရှောက်တဲ့ လုပ်ဆောင်ချက်တွေ ထည့်သွင်းထားပြီး သွေးတွင်းအောက်ဆီဂျင် ပမာဏ၊ နှလုံးခုန်နှုန်းနဲ့ စိတ်ဖိစီးမှုတွေကို တိုင်းတာပေးနိုင်ပါတယ်။ အိပ်စက်မှု အခြေအနေကို တွက်ချက်ပေးနိုင်ပြီး Sports Mode ပေါင်း ၁၀၀ ကျော်ကို ထောက်ပံ့ထားပါတယ်။ အားကစား ပြုလုပ်ထားတဲ့ ဒေတာတွေကို မှတ်တမ်းတင်ပေးထားပါတယ်။

TechLife Watch R100

Watch Face ပေါင်း ၁၀၀ ကျော်ကို ရွေးချယ်နိုင်ပြီး စပီကာနဲ့ မိုက်ကရိုဖုန်းတွေ ထည့်သွင်းထားကာ စမတ်ဖုန်းနဲ့ ချိတ်ဆက်ထားရင် Bluetooth Call တွေကို ပြောနိုင်ပါတယ်။ Android နဲ့ iOS အတွက် ထုတ်လုပ်ပေးထားတဲ့ realme Wear Companion App ကနေ တစ်ဆင့် Bluetooth 5.2 နဲ့ ချိတ်ဆက်နိုင်ပါတယ်။

TechLife Watch R100 အတွက် အနက်နဲ့ အညိုရောင်ထုတ်လုပ်ထားပြီး ၄၄ ဒေါ်လာ သတ်မှတ်ထားကာ မြန်မာငွေ ၈၁,၀၀၀ ဝန်းကျင် ကျသင့်မှာပါ။ အိန္ဒိယမှာ ဇွန်လ ၂၈ ရက်နေ့က စတင်ကာ realme.com , Flipkart နဲ့ တခြား စတိုးတွေကနေ ရောင်းမှာပါ။

Ref : gsmarena