realme က အိန္ဒိယမှာ ကုမ္ပဏီရဲ့ ပထမဆုံး စမတ်တီဗီကို မေလ ၂၅ ရက်နေ့မှာ ကြေညာတော့မှာ ဖြစ်ပြီး တွစ်တာ အကောင့်ကနေ တီဗီရဲ့ လုပ်ဆောင်ချက်တွေကို မျှဝေနေပါတယ်။ အခုတော့ အွန်လိုင်းစတိုး Flipkart ကနေ တီဗီရဲ့ Specs တွေ ထွက်လာပါတယ်။ realme က တီဗီ၊ စမတ်နာရီနဲ့အတူ ထုတ်ကုန် အသစ် ၈ မျိုးကို ချပြတော့မှာပါ။

realme TV မှာ ဘောင်ပျောက် ဒီဇိုင်းကို သုံးထားတဲ့အတွက် လှပခေတ်ဆန်ပြီး 400nits Brightness အထိ ထောက်ပံ့ထားမှာပါ။ Chroma Boost Picture Engine ပါလာမှာ ဖြစ်ပြီး Color Saturation ကို ပိုကောင်းစေတဲ့ Xiaomi Mi TV တွေက Vivid Picture Engine နဲ့ ဆင်တူမယ်လို့ ထင်ပါတယ်။ Mi TV တွေမှာလို Amlogic မသုံးဘဲ MediaTek Chip မောင်းနှင်ထားမှာပါ။ Chipset မှာ 64-bit ARM Cortex-A53 CPU နဲ့ Mali-470 MP3 GPU တွေ ပါလာမှာပါ။

realme TV မှာ 24W စတီရီယို စပီကာ ၄ လုံးပါလာမှာ ဖြစ်ပြီး Dolby Audio ထောက်ပံ့ထားမှာပါ။ realme က -20℃ Low-Temperature Test, 760mm Drop Test, 5,000 Times Remote Button Test နဲ့ 5,500 Times Power On/Off Test တွေကို ပြုလုပ်ထားပြီးပြီလို့ ပြောထားပါတယ်။

Flipkart မှာ realme TV ရဲ့ အရွယ်အစားတွေကို မဖော်ပြထားသေးပါဘူး။ ဆော့ဖ်ဝဲကိုလည်း အသိမပေးထားပေမယ့် realme က Android TV လို့ သတင်းပေးထားပါတယ်။ လာမယ့် ၁ ပတ်မှာ realme ရဲ့ ပထမဆုံး စမတ်တီဗီကို မျက်ဝါးထင်ထင် မြင်ရတော့မှာပါ။

Ref : gizmochina