realme ဟာ သူ့ရဲ့ UI 3.0 update အတွက် လမ်းပြမြေပုံကို တရားဝင်ထုတ်ဖော်ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်မှာ Android 12 ကို အခြေခံထားတဲ့ realme UI 3.0 ရရှိမဲ့ Device စာရင်းကို သိရှိရပြီ ဖြစ်ပါတယ်။ အချို့ဖုန်းတွေက ဒီဇင်ဘာအစောပိုင်းမှာ OTA အဖြစ်ရရှိခဲ့ပြီးဖြစ်တာကြောင့် ဒီတစ်ခေါက်က ဒုတိယအသုတ်အတွက်လို့ ဆိုရမှာပါ။

ဒါပေမဲ့ Software ရဲ့ အပြီးသတ်ဗားရှင်းမရောက်ခင်မှာ အချို့ realme စမတ်ဖုန်းပိုင်ရှင်တွေအနေနဲ့ OS အသစ်ကို စမ်းသုံးဖို့နဲ့ စမ်းသပ်ဖို့အတွက် အစောပိုင်းအခွင့်အရေးကို ရရှိကြဦးမှာ ဖြစ်ပါတယ်။ ဒီလကစတင်ပြီး realme 8 5G နဲ့ Narzo 30 5G အပြင် X7 ပိုင်ရှင်တွေအနေနဲ့ Firmware ကို မျှော်လင့်ထားနိုင်ပါတယ်။

လာမဲ့ ဇွန်လမှာတော့ realme X3, realme X3 SuperZoom, Narzo 30 Pro 5G နဲ့ realme 9 5G တို့ဟာ စောစောစီးစီးပဲ အသုံးပြုခွင့်ရမှာ ဖြစ်ပါတယ်။ ဒါဟာ Early access ဖြစ်တာကြောင့် ရွေးချယ်သတ်မှတ်ထားတဲ့အသုံးပြုသူအချို့ဆီကိုပဲ ဖြန့်ဝေပေးဦးမှာဖြစ်တာကို သတိပြုသင့်ပါတယ်။

realme UI 3.0 ရဲ့ stable version ဟာ အခုအချိန်မှာ ပိုပြီးပြည့်စုံအောင်တည်ဆောက်နေဆဲအဆင့်မှာပဲ ရှိနေပါသေးတယ်။ စမ်းသပ်မှုတွေနဲ့အတူ တွေ့ရှိလာရတဲ့ Bug တွေအားလုံးကို ဖယ်ရှားပြီးတဲ့အချိန်မှပဲ ပိုပြီးကျယ်ကျယ်ပြန့်ပြန့် ထုတ်လွှတ်လာမှာ ဖြစ်ပါတယ်။ ဒီအတွက်တော့ အချိန်အတိအကျကို ကြေညာထားခြင်းမရှိသေးတာလည်း ဖြစ်ပါတယ်။

Ref: GSM Arena