realme က အိန္ဒိယမှာ Smart Cam 360° နဲ့ 20,000mAh Power Bank 2 ကို ကြေညာလိုက်ပါတယ်။ realme Smart Cam 360° ဟာ လုံခြုံရေး ကင်မရာ ဖြစ်ပြီး မော်တာ ၂ လုံးကို သုံးကာ နာမည်အတိုင်းပဲ ၃၆၀ ဒီဂရီ လှည့်ပတ် စောင့်ကြည့်နိုင်ပါတယ်။ Wide Dynamic Range  နဲ့ 1080p ဗီဒီယိုတွေကို ဖမ်းယူပေးနိုင်ပြီး 128GB microSD Card မှာ သိမ်းဆည်းပေးနိုင်ပါတယ်။ လျှို့ဝှက် ဖိုင် ဖော်မက် စနစ်ကို သုံးထားပြီး ကွန်ပြူတာနဲ့ ဖုန်းတွေမှာ တိုက်ရိုက် ကော်ပီလုပ်ကာ ဖွင့်မရအောင် ပြုလုပ်ပေးထားပါတယ်။

မျက်နှာကျက်မှာ သာမက နံရံမှာပါ တပ်ဆင်နိုင်ပြီး realme Link App ကနေ ထိန်းချုပ်နိုင်ပါတယ်။ တခြား လုပ်ဆောင်ချက်တွေကို ပြောရမယ်ဆိုရင် Voice Talkback , AI Motion Detection Monitor , Real-time Motion Tracking , 3D Noise Cancellation နဲ့ WiFi Extender တွေ ပါပါတယ်။ ၂,၉၉၉ ရူပီး သတ်မှတ်ထားပြီး ၅ သောင်း ၃ ထောင်လောက်ပဲ ရှိပါတယ်။ ၁၆ ရက်နေ့ အိန္ဒိယမှာ ရောင်းမှာပါ။

အရင်ကတော့ realme ဟာ 10,000mAh Power Bank ကိုပဲ ရောင်းချခဲ့ဖူးပါတယ်။ အခုတော့ ဒီထက် အဆင့်မြင့်သွားပါပြီ။ realme 20,000mAh Power Bank 2 မှာ 18W Two-way Quick Charging ပါလာပြီး USB-A Port ၂ ခု၊ USB-C Port ၁ ခု ထည့်သွင်းထားတဲ့အတွက် Device ၃ ခုကို တစ်ပြိုင်နက် အားသွင်းနိုင်ပါတယ်။

Power Delivery စံနှုန်း ပါလာပြီး လက်ဗွေရာနဲ့ ဖုန် မကပ်စေတဲ့ Grid Texture ကို သုံးထားပါတယ်။ အဝါနဲ့ အနက်ရောင် ထုတ်လုပ်ထားပြီး ၁၆ ရက်နေ့ အိန္ဒိယမှာ ၁,၅၉၉ ရူပီးနဲ့ ရောင်းမှာပါ။ ၂ သောင်း ၈ ထောင်လောက်ပဲ တန်ကြေးရှိပါတယ်။

Ref : gsmarena