တရုတ်မှာ realme V25 စမတ်ဖုန်းနဲ့အတူ Buds Q2 TWS နားကြပ်ကိုပါ ကြေညာလိုက်ပါတယ်။ အဲဒီ စမတ်ဖုန်းဟာ realme 9 Pro ကို တရုတ် ဈေးကွက်မှာ နာမည်ပြောင်း မိတ်ဆက်လိုက်တာဖြစ်ပြီး နိုင်ငံတကာဈေးကွက်မှာ မထည့်ပေးထားတဲ့ 12GB RAM နဲ့ 256GB Storage ပါလာပါတယ်။

Realme V25 is official with 12 GB RAM and familiar looks - GSMArena.com news

realme V25 ဟာ realme 9 Pro နဲ့ အများစုတူညီပြီး ကင်မရာ ၁ လုံးပဲ ကွဲပြားပါတယ်။ realme V25 မှာ ၆.၆ လက်မ LCD မျက်နှာပြင်၊ 120Hz Refresh Rate ၊ 33W Charging ထောက်ပံ့တဲ့ 5,000mAh ဘက်ထရီနဲ့ 64MP Main ကင်မရာတွေ ထည့်သွင်းထားပါတယ်။

Realme V25 is official with 12 GB RAM and familiar looks - GSMArena.com news

realme ဟာ V25 မှာ 8MP Ultrawide ကင်မရာကို ဖယ်ရှားထားပြီး 2MP B&W ကင်မရာကို Portrait Video တွေအတွက် အစားထိုးထားကာ ကျန်တဲ့ 2MP Macro ကင်မရာက တူညီပါတယ်။ realme UI 3.0 မောင်းနှင်ထားပါတယ်။

realme 9 Pro ရဲ့ အမိုက်စား လုပ်ဆောင်ချက် ၁ ခုက နေရောင်ထိရင် အနောက်ဘက် Panel က အရောင်ပြောင်းလဲတာ ဖြစ်ပြီး realme V25 မှာလည်း အဲဒီ လုပ်ဆောင်ချက် ပါပါတယ်။ ၂၅ စက္ကန့်ကြာ နေရောင်ထိပြီးနောက်မှာ အပြာရောင် Panel ဟာ ပန်းနီရောင်ပြောင်းသွားပါတယ်။ နေရောင်ထိပြီး ၃ မိနစ်အကြာမှာ အပြာရောင် ပြန်ပြောင်းသွားပါတယ်။ realme V25 ကို တရုတ် ယွမ် ၁,၉၉၉ သတ်မှတ်ထားပြီး မြန်မာငွေ ၅၆၀,၀၀၀ ဝန်းကျင် ကျသင့်ကာ တရုတ်မှာ စတင် ရောင်းချပေးလိုက်ပါပြီ။

Ref : gsmarena